Six amazing beauty benefits of Neem တမာရဲ့ဆေးစွမ်းကောင်း (၆) မျိုး

(၁) Treating Skin Infections အရေပြားနာများ

တမာရွက်ကို နူးသွားအောင်ပြုတ်ပါ။ ပြုတ်ရည်ကအစိမ်းရောင်ဖြစ်လာမယ်။ အရွက်တွေအရောင်ပြောင်းလာမယ်။ ပြုတ်ရေကို ဆေးအဖြစ်လိမ်းပါ။ ရေချိုးရေထဲလဲထည့်သုံးပါ။

(၂) Addressing Acne Problems ဝက်ခြံ

တမာရွက် ပြုတ်ရည်ကို ဂွမ်းစလေးနဲ့ ဝက်ခြံပေါ်လိမ်းပေးပါ။ (တမာ+သခွါးသီး) နဲ့ (တမာ+ရောဂတ်) တွေကို မျက်နှာမှာ ကပ်နိုင်တယ်။

(၃) Used as Skin Toner အရေပြားတင်းဆေး

တမာရွက် ပြုတ်ရည်ကို မျက်နှာအရေးအကြောင်းတွေထင်နေတာ သက်သာစေမယ်။ ငယ်ရုပ်ဆင်စေမယ်။ ဝက်ခြံအမာရွတ် ထင်နေတာ သက်သာစေမယ်။ (တမာ+နှင်းဆီ) ကိုမျက်နှာမှာကပ်နိုင်တယ်။ ပြီးရင်မျက်နှာသစ်လိုက်ပါ။

(၄) Remedy for Dry Skin အရေပြားခြောက်နေရင်

တမာမှုံ့ထဲမှာ စပျစ်စေ့ဆီနဲ့ရောပြီး မျက်နှာကို ညီညီညာညာလိမ်းပါ။ မိနစ်အနည်းငယ်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပါ။

(၅) Cure for Skin Pores အရေပြားအပေါက်များ

ဝက်ခြံခေါင်းမဲကနေ ကျန်ရစ်တဲ့အပေါက်တွေကို သက်သာစေမယ်။ (တမာရွက် + လိမ်မော်ခွံ) ရောထောင်းပါ၊ (ပျားရည် + ရောဂတ် + ပဲပုပ်ဆီ) နဲနဲစီရောပါ၊ တပါတ် ၃ ကြိမ်လိမ်းပါ။ တမာဆီလဲသုံးနိုင်တယ်။

(၆) Takes care of Hair Troubles ဆံပင်

ဆံပင်ပေါက်သန်စေမယ်။ တမာဆီကို ဘောက်၊ မှိုရောဂါတွေအတွက်သုံးနိုင်တယ်။ တမာမှုံ့နဲ့ရေရောပြီး ခေါင်းလိမ်းပြီး တနာရီစောင့်ပါ၊ နောက် ခေါင်းလျှော်လိုက်ပါ။

ဒေါက်တာတင့်ဆွေ

၃၁-၁-၂၀၁၄

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း