Allergy အလာဂျီဆေး
အလာဂျီဆိုတာ တခုခုနဲ့ မတည့်တာ။ အလာဂျီရရင် အင်ပြင်ထနိုင်တယ်။ နှာခေါင်းမှာ နေမထိထိုင်သာဖြစ်နိုင်တယ်။ နှာချေမယ်။ နှာရည်ယိုမယ်။ ကန်တော့။ တချို့ ပန်းနာဖြစ်မယ်။
အလာဂျီရစေတတ်တဲ့ အကြောင်းတရားတွေကများတယ်။
၁။ Pollen ပန်းဝတ်မှုံ
၂။ Animal Dander တိရစ္ဆာန်အမှုံ
၃။ Dust Mites အကောင်သေးသေးလေးတွေ
၄။ Insect Stings အင်းဆက်အဆိပ်
၅။ Molds မှို
၆။ Food အစားအသောက်
၇။ Latex ရာဘာ
၈။ Medication ဆေးဝါးတွေ
၉။ Cockroaches ပိုးဟပ်
၁ဝ။ Fragrance အမွှေးအကြိုင်
စာရင်းထဲမပါတာတွေကနေလည်း ဖြစ်နိုင်တယ်။ ရာသီဥတု၊ အနံ့အသက် စတာတွေ။
လွန်ခဲ့တဲ့ တလနှစ်လလောက်ကတည်းက နှာချေတာ များလာတာသတိထားမိတယ်။ အမှုန်တခုခုကြောင့်ဖြစ်နိုင်တယ်လို့ သတိပြုမိလာတယ်။ ပုံထဲက စာဆေးကို လိုတာအခါ တပြားသောက်တယ်။ နှစ်ခါသောက်ရပြီ။ ကနေ့တော့ နှာခေါင်းထည့်ဆေး သွားဝယ်လိုက်တယ်။ တကြိမ်သုံးလိုက်ပြီ။
ဒေါက်တာတင့်ဆွေ
၁-၆-၂၀၂၀
Comments
Post a Comment