Blocked Fallopian Tubes သားအိမ်ပြွန်ပိတ်ခြင်း

(ကန်တော့)
မင်္ဂလာပါ ဆရာရှင့် ကျွန်မ အသက်က ၄၀ နှစ်ပါ ၃နှစ်သမီးရှိပါတယ် ကလေးမွေးပြီး ကိုယ်ဝန်တားဆေး လုံးဝမသုံးပါ။ ကလေး ၁နှစ်အရွယ်စပြီး နောက်ကလေး ထပ်ယူတာ  ခုချိန်ထိ မရလို့ပါရှင့်။ ရာသီသွေး  ကလေးမွေးပြီး ၁လ တစ်ကြိမ်(တကြိမ်) ပုံမှန် ခုချိန်ထိ လာပါတယ်။ လက်ရှိ ကလေးမရခင်က ဘယ်ဘက်က သားဥပြွန်ပိတ်လို့ ဆီးလမ်းကြောင်းကနေ ဆေးသွင်းဓာတ်မှန်ရိုက် စစ်ဆေးတာတွေလုပ်ခဲ့ဖူးပါတယ်ရှင့်။ နောက်ထပ် ကလေးလိုချင်လို့ ဘယ်လိုဆေးတွေသောက်သင့်ပါသလဲ ဘာတွေပြုလုပ်သင့်လဲ ပြောပြပေးပါဦး ဆရာရှင့်။အမှားပါရင် ခွင့်လွတ်ပါ  
ဆရာ နေကောင်းကျန်းမာပါစေရှင့်။  လက်ရှိကလေးက ခွဲမွေးထားတာပါရှင့်။
အရင်ကလည်း သားအိမ်ပြွန်ပိတ်လို့မေးသူ ၈ ယောက်ရှိတယ်။ မေးခွန်းတွေ မထည့်တော့ပါ။
သားအိမ်ပြွန် ၂ ဖက်လုံးမရှိသူ ပုံမှန်နည်းနဲ့ ကိုယ်ဝန်မရနိုင်။ ဆောရီး။ မျိုးဥအိမ်ကျန်သေးရင် ပုံမှန်အမျိုးသမီးတွေလိုနေနိုင်။ ဖန်ပြွန်သေန္ဓေဆိုရင် ရနိုင်လားရှင့်။ နောက်ပိုင်းဘယ်ဘက်အခြမ်းက ဆီးသွားရင်အောင့်ပြီး ကိုက်တယ်ရှင့်။ စိုးရိမ်ရလား ဆရာ။ နောက်ဆုံးဆေးစစ်ချက်မှာ ဘာတွေ့သလဲ မသိ။ ဆီးလမ်းပိုးဝင်တာနဲ့ သားအိမ်ရောဂါတခုခုကို စဉ်းစားရ။
သားအိမ်ပြွန်ပိတ်စေတဲ့ အကြောင်းရင်းတွေ -
• Endometriosis သားအိမ်တစ်ရှူးတွေ တခြားနေရာတွေကိုရောက်နေခြင်း၊
• Pelvic Inflammatory Disease (PID) တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ခြင်း၊
• Uterine Fibroids သားအိမ်အကျိတ်၊
• Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊
• Tubal Ligation Removal သားကြောဖြတ်ခြင်း၊
• Complications from lower abdominal surgery and Cesarean section ဗိုက်ခွဲခြင်း၊ ဗိုက်ခွဲကလေးမွေးခြင်း၊
• Genital Tuberculosis မျိုးပွါးလမ်း တီဘီဖြစ်ခြင်း။
သားအိမ်ပြွန်ပိတ်နေတဲ့ အဓိကနေရာ (၃) ခုရှိတယ်။ အဖျား၊ အရင်းနဲ့ အလယ်နေရာတွေမှာဖြစ်တယ်။ အရင်းမှာ ပိတ်တာက ပိုးဝင်ရာကနေဖြစ်တာ။ ကိုယ်ဝန်ဖျက်တာ၊ ကိုယ်ဝန်ပျက်တာ၊ ဗိုက်ခွဲမွေးတာနဲ့ လိင်ကတဆင့် ကူးစက်ရောဂါတွေကြောင့် ဖြစ်နိုင်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါ ရဘူးသူတွေမှာ ၄ ယောက်၊ ၁ ယောက် သားအိမ်ပြွန်ပိတ်နိုင်တယ်။ အလယ်နေရာပိတ်တာက ကလေးမလိုချင်လို့ ဖြတ်၊ ချည်ထားလို့ဖြစ်တယ်။ အဖျားမှာ လာပိတ်တာကတော့ Hydrosalpinx အရည်အောင်းနေတာနဲ့တွဲနေတယ်။ များသောအားဖြင့် လိင်ကတဆင့် ကူးစက်တဲ့ Chlamydia trachomatis infection ကြောင့်ဖြစ်ပြီး ဆေးမကုဘဲ နေရင်ဖြစ်မယ်။ ဒါမှမဟုတ် သားအိမ်ပြင်ပ သန္ဓေတည်ရာကနေထိခိုက်လို့ဖြစ်တယ်။ PID, Endometriosis, Uterine fibroids or Abdominal surgery တွေကြောင့်လဲ ဖြစ်နိုင်တယ်။
သားအိမ်ပြွန်ပိတ်နေတာကို ဘယ်လိုသိမလဲ -
ဒီအတိုင်းနဲ့မသိနိုင်ပါ။ တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်ဘူးသူဆိုရင်တော့ ဆီးစပ်နဲ့ဗိုက်အောက်ပိုင်းမှာ နာတာ၊ အဖြူဆင်းတာ၊ အတူနေစဉ်မှာ မနာသင့်ဘဲနဲ့နာတာမျိုးတွေ ခံစားရနိုင်တယ်။ အိမ်ထောင်ကျပြီး ကလေး (ကိုယ်ဝန်) မရတော့မှ ဆေးစစ်ရာကနေ ပိတ်နေတာကိုသိရတယ်။
ပိတ်နေတာသိအောင် နည်းတွေ -
• Hysterosalpingogram (HSG) ခေါ်တဲ့ဓါတ်မှန်ရိုက်တယ်။ မွေးလမ်းကြောင်းကနေ ပိုက်ငယ်ကလေးထည့်ပြီး ဆေးသွင်းပြီးမှ ရိုက်ရတယ်။
• Chromotubation test နည်းကလည်း ဆေးထည့်တယ်။ Laparoscopy ဗိုက်ထဲကို ကိရိယာထည့်ပြီစစ်ဆေးတယ်။ ဆေးကအပြာရောင်ဖြစ်ပြီး ဓါတ်မှန်နဲ့ကြည့်မရဘူး။ စိတ်အချရဆုံးနည်းလို့သတ်မှတ်တယ်။
• Sonohysterography နည်းက (အာလ်ထွာဆောင်း) ကိုသုံးတယ်။ သားအိမ်ပြွန်လေးကကျဉ်းတော့ ကြည့်ရတာ ခက်တယ်။ Hydrosalpinx ပြွန်မှာအရည်အောင်းနေတာတို့ Fibroids သားအိမ်အကျိတ်တို့ကို ကောင်းကောင်းသိနိုင်တယ်။ 
Treatments for blocked Fallopian tubes ကုသနည်းများ
၁။ Laparoscopic or hysteroscopic surgery to repair the Fallopian tubes ကရိယာနဲ့ သားအိမ်ပြွန် ပြုပြင်ပေးနည်း။
၂။ In vitro fertilization (IVF) သားအိမ်ပြင်ပသန္ဓေအောင်စေပြီး သားအိမ်ထဲထည့်ပေးနည်း
မျိုးဥရယူမယ်။ ဓါတ်ခွဲခန်းထဲမှာ ကျားသုက်ပိုးနဲ့ မ မျိုးဥ ပေါင်းစပ်စေမယ်။ သန္ဓေဖြစ်လာပြီး သားအိမ်ထဲ ပြန်ထည့်ပေးမယ်။ progesterone ဟော်မုန်းဆေး ပေးမယ်။
၃။ Laparoscopic surgery (မရတော့သူ တခြားရောဂါ မရစေအောင်) ကရိယာနဲ့ သားအိမ်ပြွန် ထုတ်ပေးနည်း  IVF နည်းနဲ့ သန္ဓေယူနည်း ရနိုင်သေးတယ်။
၄။ Hydrosalpinx ရှိနေရင် IVF နည်းနဲ့ကလေးရအောင်မလုပ်ခင်မှာ ခွဲစိတ်ကုသပေးရတယ်။
• ဒါမှမဟုတ် Salpingostomy ပြွန်ကိုပြန်ဆက်ပေးနည်းလဲ လုပ်နိုင်တယ်။ တာဝရကောင်းချင်မှ ကောင်းမယ်။
• Fimbrioplasty ခွဲစိတ်နည်းဆိုတာ ပြွန်အဖျား လက်ဝါးလိုနေတဲ့နေရာမှာ ဒဏ်ရာရထားရင် လုပ်ပေးတယ်။ ခက်တယ်။
• Selective tubal cannulation နည်းကို Proximal tubal occlusion ပြွန်နဲ့သားအိမ်ဆုံရာနေရာမှာ ပိတ်နေတာအတွက် လုပ်ပေးတယ်။ Hysteroscopy or Fluoroscopy ကရိယာသုံးရတယ်။ မွေးလမ်းကြောင်း-သားအိမ်ဝကနေ ပြွန်လေးတခု သွင်းရတယ်။
• Tubal reanastomosis တချိန်က ကလေးမလိုချင်တော့လို့ ပိတ်(ဖြတ်-ချည်) ထားသူကို ပြန်ဆက်ပေးနည်း ဖြစ်တယ်။ Tubal Reversal လို့လဲခေါ်တယ်။ microscope အနုကြည့်မှန်ဘီလူသုံးရတယ်။
• ခွဲစိတ်ကုသနည်းတွေမှာ အောင်မြင်နှုန်းတမျိုးစီရှိသလို သတိထားရမှာတွေလဲ ကိုယ်စီရှိပါတယ်။ မအောင်မြင်တာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ ဗိုက်ခွဲရသူတိုင်းကြုံနိုင်တဲ့သတိထားစရာတွေရှိတယ်။ တချို့ကိုမေ့ဆေး၊ တချို့ကို ခါးထိုးဆေးနဲ့ တချို့ကို မေ့ဆေးနဲ့လုပ်ပါတယ်။ နာတယ်ဆိုတာ ခံနိုင်ရည်ရှိတာထက် မပိုပါ။
Blocked Fallopian Tubes သားအိမ်ပြွန်ပိတ်ခြင်း https://dr-tint-swe.blogspot.com/2022/05/blocked-fallopian-tubes.html
In vitro fertilization (IVF) ပြင်ပမှာ သန္ဓေတည်စေနည်း https://dr-tint-swe.blogspot.com/2020/12/in-vitro-fertilization-ivf.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ