ရွှေအကြောင်း ဖယောင်းသက်သေ

ရွှေအကြောင်း ဖယောင်းသက်သေ စကားပုံ ရဲ့ အဓိပ္ပါယ်  သိချင်ပါတယ် ဆရာ ခင်ဗျား
(၁)
ပုံပါစာ။ ကူးမရေးအားသေးပါ။
(၂)
ရွှေအကြောင်း ဖယောင်းသိ၊ လူအကြောင်း ပေါင်းမှသိ
ရွှေအကြောင်း ဖယောင်းသိ၊ လူအကြောင်း ပေါင်းမှသိ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။
အနက်အဓိပ္ပာယ်
ရွှေကို မှတ်တိုက်၍ မှတ်ကို ဖယောင်းလုံးဖြင့် လှိမ့်ကြည့်ခြင်းဖြင့် ရွှေကောင်း မကောင်းကို သိနိုင်သကဲသို့ လူ၏ အကျင့်စရိုက် ကောင်း မကောင်းကို ပေါင်းကြည့်ခြင်းဖြင့် သိနိုင်သည်။[၁]
(၃)
အခြားသောသတ္တုတွေနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ရွှေဟာပိုပြီးပျော့ပါတယ်။ ရွှေက အပူနဲ့လျှပ်ကူးသတ္တိ အများဆုံးရှိပြီး နန်းကြိုးဆွဲဖို့ လွယ်ကူတဲ့ သတ္တုလည်းဖြစ်ပါတယ်။ ရွှေရဲ့ ပျော့ပျောင်းမှုကိုလိုအပ်သလို ပုံသွင်းခြင်းက ပျော့ပျောင်းတဲ့ပျားဖယောင်းကို ပုံသွင်းခြင်းနဲ့ နှိုင်းယှဥ်တတ်ကြတယ်။ သန့်စင်တဲ့အခေါက်ရွှေ (မီးလင်းရွှေ) မှတ်ကျောက်တိုက်ပြီး အဲ့ဒီနေရာမှ ပျားဖယောင်း လုံးလေးကို လှိမ့်ပြီးကြည့်တဲ့အခါ သန့်စင်တဲ့ရွှေရဲ့ အဝါရောင်ကို ထင်ထင်ရှားရှားတွေ့ရပြီး မသန့်စင်တဲ့ ရွှေဆိုရင်တော့ ကွဲပြားတဲ့အရောင်ကို တွေ့ရမှာပါ။  ယခင်အချိန်တည်းက ဒီလိုမျိုး ပျားဖယောင်းကို အသုံးပြုပြီး ရွှေရဲ့အရည်အသွေးကိုခွဲခြားခဲ့တာကြောင့် "ရွှေအကြောင်း ဖယောင်းကသိ" ဆိုပြီးလည်း ဖြစ်လာခဲ့ပါတယ်။ 
(၄)
ခုခေတ်မှာ စာရေးတဲ့အခါ ခက်မှ လျှာရှည်မှ လွဲမှ လူကြိုက်များတယ်။ သတ်ပုံစစ်တဲ့ ဖယောင်းအစစ်ကလည်း ရှားပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ