ဝတ်စုံနိုင်ငံရေး

စတစ်အကျႌနဲ့ တိုက်ပုံမဝတ်လိုက်ရတော့ အအိုက်သက်သာတယ်လို့ ရေးတာကို သဘောမပေါက်တဲ့ကွန်မင့်ဖတ်ရတယ်။ ဆောရီး။

ကျွန်တော်ခရီးထွက်လာတာ တလနည်းနည်းကျော်လာပြီ။ ဓါတ်ပုံတွေလည်းရာကျော်လောက်ပြီ။ ကျွန်တော် စတစ်အကျႌနဲ့ တိုက်ပုံဝတ်မထားတာ သတိထားမိသူတွေရှိမယ်။ လက်ဆောင်ပေးကြတဲ့ အဝတ်အစားတွေထဲမှာ စတစ်အကျႌ၊ တိုက်ပုံ၊ ကချင်ပုဆိုး အကောင်းစားတွေပါတယ်။ ကျေးဇူး။ ခုထိတော့ မဝတ်ဖြစ်သေးပါ။

ဝတ်သင့်သူတွေက ဝတ်ထိုက်တဲ့နေရာမျိုးမှာ ဝတ်စုံဝတ်ကြတာကို သဘောကျတယ်။ ဒီပဲယင်းနှစ်လည်နေ့က ကြည်ရွာဘုန်းကြီးကျောင်းမှာ အင်နလ်ဒီဝတ်စုံနဲ့ ဆရာမတယောက်ကနေ ကျွန်တော်တို့ သိလိုတာမှန်သမျှ ရှင်းပြပေးပါတယ်။ ကျေးဇူး။

ကျွန်တော်က ဝေါဟာရတွေကိုနိုင်ငံရေးလုပ်တာ မကြိုက်ပါ။ ဝတ်စုံမပါတဲ့နိုင်ငံရေးလုပ်တဲ့လူဖြစ်လာအောင် ၂၈ နှစ်ကြာ ကျင့်ကြံခဲ့ရပါတယ်။ ယူနီဖေါင်းမပါတဲ့ကာလကို မျှော်လင့်ထားတယ်။

ဒေါက်တာတင့်ဆွေ

၃၁-၅-၂၀၁၈

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ