တတိုင်းမွှေး

သူငယ်ချင်းတယောက်က ကွန်မင့်ရေးပါတယ်။ ဒိန်ညင်းကနေ ဘယ်လိုတညင်းဖြစ်သွားတယ်မသိ၊ မန်ကျည်းလည်း မကျီးဖြစ်ပြီလား။ အများညီ ဤကျွဲဖြစ် တဲ့။

မြန်မာ့စွယ်စုံကျမ်းလှန်ရတယ်။ ဖုံခါရသေးတာ။ အတွဲ (၄) စာမျက်နှာ (၄၀၁) မှာတွေ့တယ်။ တညင်းပင် တဲ့။ တညင်းသီး တဲ့။ တညင်းဝက်၊ တညင်းသား၊ ကုဗပေ တပေလျှင် အလေးချိန် ၃၃ ပေါင်စီး၏။ တညင်းဖိုပင်၊ တညင်းရွေးပင်၊ တညင်းနီပင် (ဝါ) ကျွဲတညင်းပင် တဲ့။

မြန်မာ့စွယ်စုံကျမ်း အတွဲ (၄) စာမျက်နှာ (၄၀၁) မှ တတိုင်းမွှေးပင် တဲ့။ ခုခေတ် (တစ်)တိုင်းမွှေးသတဲ့။

အများညီက ကျွဲကို ဤဟု ဖတ်ရ၏ တဲ့။ ကျွဲကိုလည်း ဤဟု ဖတ်ရ၏

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ