ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ဆုံးမစာ


၂၀၁၈ ခုနှစ်က ဒီလိုနေ့မှာ မုံရွာ သာစည်လမ်းစျေးဘက် လမ်းလျှာက်ထွက်တယ်။ စမ်းတမ်းစမ်းတမ်း ဟိုမေးသည်မေးနဲ့ သူငယ်ချင်းအိမ် ရောက်သွားတယ်။ ရောက်တာနဲ့ သူ့စာအုပ်ပုံကိုရှာတယ်။ မြန်မာစာသတ်ပုံမှန်ကို ဖုံတလုံးလုံးနဲ့ အဖုံးမပါတဲ့ စာအုပ်တွေထဲမှာသာ တွေ့ရတယ်။

တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘဝ၊ အနန္တလျှင်၊ အစမဆုံး၊ အမျိုးထုံးတည့်၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တသက်နွယ်နွယ်၊ အမြစ်တွယ်သို့ အပါယ်ထိုထို၊ ဥဒဟိုသည် နင်လိုလုမိုက် သွားလမ်းတည်း။

ဆရာတော်ကြီး စင်္ကြ ံလမ်းနေရာလည်း ရောက်ခဲ့တယ်။ ငယ်ငယ်ကတော့ ဆော့ကစားခဲ့တဲ့နေရာ။

အခုရက်တွေမှာ လယ်တီဒီပနီပေါင်းချုပ် ပဌမတွဲ ဖတ်နေတယ်။ တအုပ်လုံး သတ်ပုံတွေမှန်လို့ ဖတ်ရတာ နားလည်လွယ်စေတယ်။

ဒေါက်တာတင့်ဆွေ

၁-၆-၂၀၁၈

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ