အစွယ်ကိုလိုသူ မိဖုရား

အဆွယ်အပွါး အစွယ်အပွါး ဘယ်တခုက အမှန်ပါလဲ ဆရာ။

အဆွယ်အပွါးကသာမှန်တယ်။

ဆွယ်

ဆွယ်ကပ်

ဆွယ်တရား

ဆွယ်တာ

ဆွယ်မြှောင်

သူများအိမ်မှာ ဆွယ်နေရသည်

အဆွယ်ကောင်းလို့ ပါသွား

စွယ်

စွယ်စုံကျမ်း

စွယ်စုံဆင်

စွယ်ပုန်း

စွယ်ဖုံး

စွယ်ရံ (သွား)

စွယ်ရန်း (လှည်း၊ ရထား)

စွယ်တော်

စွယ်တော်ပန်း

စွယ်တော်ရွက်

စွယ်ယောင်ပြ

ဆင်စွယ်

ရန်စွယ်

အစွယ်ကိုလိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ (ဆဒ္ဒန်ဆင်မင်း၊ ဦးပုည)

နှစ်လွှာပေါင်းမှ တရွက်မည်သော စွယ်တော်ရွက် (သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်၊ တက္ကသိုလ်ဘုန်းနိုင်)

ဟိုတနှစ်က စည်ပင်သာယာရွေးကောက်ပွဲပို့စ်တွေဖတ်ရတယ်။ မဲစွယ်တဲ့ပုံကြည့်ပါအုံး ဘယ်လောက် ရိုးစင်းလည်းဆိုတာ တဲ့။ မဲဆွယ်လို့ ရေးရတယ်။ 

ဒေါက်တာတင့်ဆွေ

၁-၆-၂၀၂၀

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ