မရှိတဲ့ကင်ဆာ ပျောက်ပါစေ

လျှာမာ(လျှာပျော့ကော ရှိပါသလား) အဖုပေါက်နေတာ တနှစ်ခွဲ (မှန်) ရှိပါပြီ ကြီးလည်းမလာ သေးလည်း မသွားပါဘူး ဆေးရုံဆေးခန်းလည်းပြနေပါတယ် ခုထိမပြောက်(မပျောက်) လို့ တချို့က အပူကြောင့်တဲ့ အပူစို (အပူဆို) ခုလောက်နှစ်နဲချီကြာပါ့မလား တချို့ကြ ကင်ဆာအစပျိုးတာတဲ့ ကင်ဆာပေါ့ အဲ့တာနဲ့ ကင်ဆာဆေးရုံ တိုက်ရိုက်ပြပါတယ်ရှင် ကင်ဆာဆရာဝန်ကလည်း မစိုးရိမ်ရဘူးလို့ပြောပေမဲ့ ခုထိမပြောက် (မပျောက်)ဘူး လျှာကအဖုကို လှီးထုက်ရင်ရလားမေးတော့ လှီးမရဘူးတဲ့ ပုံကပါတဲ့စာလေးကို သေချာဖက်ပြီး အကြံညဏ်(ဉာဏ်) ပေးကြပါအူး(ဦး၊ အုန်း) ရှင့်

ကင်ဆာဆရာဝန် ပြထားပြီးသူ ကင်ဆာအတွက် ဖြေရန်မရှိ။ 

ကင်ဆာမဟုတ်ဘဲ လျှာကိုလှီးရင်တော့ အတော်ကို ဒုက္ခရောက်တော့မယ်။ အစားစားမရ၊ စကားပြောခက်။

မရှိတဲ့ကင်ဆာ ပျောက်ပါစေ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Cancer Foods ကင်ဆာအတွက် အစားအစာ