Mpox မျောက်ကျောက်ရောဂါ

မျောက်ကျောက်ရောဂါ ထိုင်းနိုင်ငံကို ရောက်လာပြီတဲ့။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အများကြီး။ ရောဂါကင်းကြပါစေသတည်း။
၂၁-၈-၂၀၂၄ The New York Times
Thailand Reports Mpox Case in Traveler Who Arrived From Africa
Al Jazeera
Thailand says mpox detected in European who travelled from Africa
၁၄-၈-၂၀၂၄  WHO declares mpox outbreak a global health emergency
WHO က မျောက်ကျောက်ရောဂါကို အရေးပေါ်အဖြစ်ထုတ်ပြန်လိုက်ပါတယ်။
Mpox မျောက်ကျောက်ရောဂါ ဆိုတာ
(၉ မေ၊ ၂၀၂၂ နေ့က VOM မှာ ဖြေကြားခဲ့တဲ့စာ)
Monkeypox မန်းကီးပေါက်စ် မျောက်ကျောက်ရောဂါ ဆိုတာဘာလဲ၊ ဘယ်လို ကူးစက်တတ်သလဲ၊ ဒီရောဂါ ကူးစက်မခံရအောင် ဘယ်လို ကာကွယ်နိုင်သလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဆောင်းပါးတွေကို တစိုက်မတ်မတ် ရေးသားဖြန့်ဝေပေးနေတဲ့ ဒေါက်တာတင့်ဆွေ က VOM ပရိတ်သတ်တွေအတွက် အခုလို မျှဝေပေးထားပါတယ်။ 
အမေရိကန် CDC ခေါ် ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာနက အခုစာရေးချိန် (၂၈ မေ၊ ၂၀၂၂) အထိ တင်ထားတဲ့ အချက်အလက်တွေ အရ၊ မန်းကီးပေါက်စ် Monkeypox ဆိုတာ၊ ရှားတဲ့ရောဂါဖြစ်တယ်။ monkeypox virus ဗိုင်းရပ်စ်ကနေ ဖြစ်စေတယ်။ Orthopoxvirus genus အုပ်စုထဲကဖြစ်တယ်။ အဲဒီအုပ်စုထဲမှာ variola virus ဗိုင်းရပ်စ်လည်း ပါတယ်။ အဲဒါက smallpox ခေါ် ကျောက်ကြီးရောဂါကို ဖြစ်စေတယ်။ vaccinia virus ကို ကျောက်ကြီးကာကွယ်ဆေး အဖြစ်သုံးတယ်။ cowpox virus နွားကျောက်ကာကွယ်ဆေး အဖြစ်လည်း သုံးတယ်။ Monkeypox မန်းကီးပေါက်စ်ကို ၁၉၅၈ ခုနှစ်တုန်းက အာဖရိကမှာ စတွေ့တယ်။ လူကိုတော့ ၁၉၇၀ မှာ ကူးစက်တယ်။ ကွန်ဂိုမှာ။ 
WHO ထုတ်ပြန်ထားချက်တွေမှာ ရောဂါလက္ခဏာတွေ
ဖျားမယ်။ အရေပြားအနီကွက်ထွက်၊ တက်စေ့တွေရောင်၊ နောက်ဆက်တွဲတွေလည်းဖြစ်နိုင်။ အလိုလိုပျောက်မည်။ ၂ ပတ်ကနေ ၄ ပတ်ကြာနိုင်သည်။ ဆိုးတာမျိုးလည်း တချို့မှာ ဖြစ်သည်။ သေဆုံးမှုနှုန်း ၃% မှ ၆% အထိရှိသည်။
ရောဂါရှိသော လူ သို့မဟုတ် အကောင်တွေကနေတဆင့် ကူးစက်သည်။
ကျောက်ကြီးရောဂါနှင့် ဆင်သည်။ ကျောက်ကြီးရောဂါက ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားတာ ၁၉၈၀ ကတည်းက။
မန်းကီးပေါက်စ်က ကျောက်ကြီးလောက် မကူးစက်၊ မဆိုးပါ။
ကျောက်ကြီးကာကွယ်ဆေးနဲ့ မန်းကီးပေါက်စ်ကို ကာကွယ်နိုင်တယ်။
ရောဂါခံစားရတဲ့ကာလက ၆ ရက်မှ ၁၃ ရက်ကြာတတ်တယ်။ အများဆုံးဖြစ်တာက ၅ ရက်မှ ၂၁ ရက်ထိ ဖြစ်လေ့ရှိတယ်။
နောက်ဆက်တွဲဖြစ်နိုင်တာတွေ
• secondary infections နောက်ပိုးဝင်ခံရခြင်း၊
• bronchopneumonia အဆုတ်ရောင်ခြင်း၊
• sepsis အနာရင်းခြင်း၊
• encephalitis ဦးနှောက်ရောင်ခြင်း၊
• infection of the cornea with ensuing loss of vision မျက်ကြည်လွှာရောင်ပြီး မျက်စိကွယ်ခြင်း။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲရဲ့ သတင်းတွေအရ၊ နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ သေချာတဲ့ မန်းကီးပေါက်စ် ရောဂါဖြစ်သူ ၉၂ ယောက်ရှိလာပြီး၊ သံသယရှိသူတွေလည်း ရှိတယ်။ 
မန်းကီးပေါက်စ် မျောက်ကျောက်ရောဂါဆိုတဲ့ အရေပြားမှာ အနာတွေနဲ့ပုံတွေတင်ထားတာတွေဟာ တခုတလမှ(တခုတလမှ) အခုလက်ရှိ ဖြစ်နေတဲ့ရောဂါဝေဒနာသည်ပုံတွေ မဟုတ်ပါ (မဟုတ်ပါ)။ ဟိုအရင်က ကျောက်ကြီးရောဂါနဲ့ အာဖရိကမှာ မျောက်ကျောက်ဖြစ်စဉ်က ပုံဟောင်းတွေသာဖြစ်တယ်။
Pox disease ကျောက်ရောဂါဆိုတာ
Definition of pox ပေါက်စ် ခေါ် ကျောက်လို့ ခေါ်တဲ့ အမည်ကို အရင်ပြောပါမယ်။ ရောဂါဗေဒမှာ အရေပြားပေါ်မှာ ပြည်ဖုလိုအနာလေးတွေ အများကြီး ပေါက်တဲ့ရောဂါကို ကျောက်ရောဂါလို့ ခေါ်တယ်။ 
ဗိုင်းရပ်စ်ကနေဖြစ်တယ်။ လူသာမက၊ အကောင်တွေမှာလည်း ဖြစ်တယ်။ ကူးစက်ခံရရင် အရေပြားနဲ့ မြူးကပ်စ်မင်ဘရိန်း ခေါ် အပါးစားအဖုံးလွာတွေမှာ အနာလေးတွေဖြစ်တာ။ အမျိုးအစားကွဲတွေ များတယ်။ Avipoxvirus, Leporipoxvirus, Orthopoxvirus, and Parapoxvirus တွေပါတယ်။ ရောဂါတွေက များတယ်။ sheep pox, horse pox, fowl pox, cowpox, goat pox နဲ့ swine pox တွေပါဝင်တယ်။
Monkeypox မျောက်ကျောက် နဲ့ smallpox ကျောက်ကြီး ဘယ်လိုနီးစပ်သလဲ ဆိုတော့၊ မျောက်ကျောက်က ကျောက်ကြီးရဲ့ ဝမ်းကွဲလို့ ပြောနိုင်တယ်။ Monkeypox က Poxviridae မိသားစုကနေ ဆင်းသက်တယ်။ Orthopoxvirus လို့ခေါ်တယ်။ သူ့အမျိုးတွေက smallpox, vaccinia နဲ့ cowpox viruses တွေဖြစ်ကြတယ်။
monkey pox လို့ ဘာကြောင့် ခေါ်သလဲ ဆိုတော့ ၁၉၅၈ ခုနှစ်မှာ ဒိန်းမတ်ဓါတ်ခွဲခန်းကနေ ဗိုင်းရပ်စ်ကို တွေ့တယ်။ မျောက်ဆီကဖြစ်တယ်။ ကွန်ဂိုနိုင်ငံမှာ လူကို ကူးစက်တာ စတွေ့တယ်။ ၁၉၇၀ ခုနှစ်တုန်းက ဖြစ်တယ်။
smallpox နဲ့ monkeypox ဘာကွာသလဲ
မျောက်ကျောက်မှာ လင့်ဖနုတ် ခေါ် တက်စေ့တွေရောင်ပြီး ကျောက်ကြီးမှာ မရောင်ပါ။
smallpox vaccine ကျောက်ကြီးရောဂါကာကွယ်ဆေးနဲ့ monkeypox မန်းကီးပေါက်စ် ကို ကာကွယ်နိုင်လားဆိုတော့၊ 
မျောက်ကျောက်က ကျောက်ကြီးရဲ့ ဝမ်းကွဲတော်လို့ smallpox vaccine ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်ပါမယ်။ အာဖရိကအတွေ့အကြုံအရ smallpox vaccine ကနေ monkeypox ကို ၈၅%အထိ ကာကွယမှု ပေးတာတွေ့ရတယ်။ 
ကျောက်ကြီးရောဂါကာကွယ်ဆေးကို ဟိုအရင်က မြန်မာတပြည်လုံးမှာ စီမံကိန်းနဲ့ ထိုးပေးခဲ့တယ်။ ကျောက်ထိုးဆရာတွေကို သင်တန်းပေးခန့်တယ်။ ရွာတိုင်းစေ့ သွားထိုးစေတယ်။ အောင်မြင်တယ်။ ကျောက်ဆေးထိုးနေရာမှာ အမာရွတ်ခပ်ဝိုင်းဝိုင်းလေး ကျန်နေမယ်။ 
အင်္ဂလိပ်လိုက smallpox တဲ့။ မြန်မာလိုက ကျောက်ကြီးတဲ့။ ပြောင်းပြန်ဘာသာပြန်ထားတာ။ အင်္ဂလိပ်လို Chickenpox ကို မြန်မာလို ရေကျောက်တဲ့ အဆင်ပြေသလို ဘာသာပြန်ထားတာပေါ့။
- Black pox = Smallpox ဖြစ်ရာကနေ သွေးတွေထွက်ပြီး လူနာဆုံးတော့မဲ့အခြေအနေ၊
- Canarypox = ငှက်တွေမှာဖြစ်တဲ့ ကျောက်ရောဂါ၊
- Chickenpox = Varicella zoster virus ဗိုင်းရပ်စ်ကနေဖြစ်တဲ့ ရေကျောက်ရောဂါ၊
- Great pox = ဆစ်ဖလစ်ရောဂါ။
- Monkeypox မျောက်တွေမှာဖြစ်တဲ့ ကျောက်ကြီးရောဂါ၊
- Plum pox = Potyviridae ဗိုင်းရပ်စ်ကနေ သစ်သီးတွေမှာဖြစ်တဲ့ ကျောက်ရောဂါ၊
- Rabies (Hydrophobia) = ရေကြောက်ရောဂါ၊
- Smallpox = ကျောက်ကြီးရောဂါ၊ (၁၉၇၉ ကတည်းက ကမ္ဘာမှာပပျောက်သွားပြီ။)
Monkeypox vaccine မန်းကီးပေါက်စ် ကာကွယ်ဆေး
- အမေရိကန် နိုင်ငံမှာတော့ အမျိုးသားဗျူဟာမြောက်သိုလှောင်ထားတဲ့ မျောက်ကျောက်ရောဂါ ကာကွယ်ဆေး ထုတ်ပေးနိုင်ရေး အစီအစဉ်အဆင့်ဆင့်ကို စတင် ဆောင်ရွက်နေပါပြီ။ ယူအက်စ်အေမှာ တယောက်သာ ရောဂါဖြစ်တာသေချာသေးပြီး ၄ ယောက်က သံသယအဆင့်နဲ့ ရှိနေတယ်။
- မန်းကီးပေါက်စ် ကာကွယ်ဆေးအမည်က Jynneos vaccine ဖြစ်ပါတယ်။ ၂ ကြိမ်ထိုးရတယ်။ 
- သိုလှောင်ထားတဲ့ ပဏာမ ၁၀၀၀ ဒို့စ်ရှိတယ်။ ထပ်ထုတ်လို့လည်း ရတယ်။ Smallpox ခေါ် ကျောက်ကြီးနဲ့ monkeypox မန်းကီးပေါက်စ်တွေအတွက် လိုင်စင်ရထားတယ်။
- ကျောက်ကြီးသီးသန့်ကာကွယ်ဆေး ACAM2000 လည်း လိုင်စင်ရပြီးသားရှိတယ်။ သန်းတရာအတွက် အဆင်သင့်ရှိပါသတဲ့။ အဲဒါကလည်း မျောက်ကျောက်ကိုပါ ကာကွယ်ပေးတယ်။
- PCR tests စမ်းသပ်နည်းနဲ့ မျောက်ကျောက်ကို စစ်လို့ရတယ်။ ၄၈ နာရီနဲ့ အဖြေထွက်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ