ကစွန်းရွက်နှင့် ကန်စွန်းနွယ်

မဂ်လာ(မင်္ဂလာ)ပါနော် ကန်းစွန်းရွက်က ကျမ်းမာရေးလည်း ညီညွတ်တယ် တင်ထားတာ တခုဖြစ်ပါတယ်။ ကန်လို့ရေးချင်တာ ကန်းဖြစ်သွားပုံရတယ်။ မှားတတ်ပါတယ်။ စာအရေးများတဲ့ ကျွန်တော်က အမှားဆုံး ဖြစ်နိုင်တယ်။ အခု ကျန်းမာလို့သာ ရေးကြတယ်။ အရင်ကကျမ္မာလို့လည်း ရေးတာရှိခဲ့တယ်။

ကစွန်း၊ ကန်စွန်းနဲ့  ကဇွန်းတို့က မူကွဲတွေဖြစ်တယ်။

သင်ပုန်းကြီးမှာ က ကစွန်းပင် ရေမှာရွှင်။

၁၉၆၄-၆၅ ကျွန်တော်တို့ဆယ်တန်းမှာ စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာအုပ် မြန်မာ့မျက်ပွင့်ထဲမှာ ဇေယျက ကန်စွန်းနွယ်လို့ ရေးပါတယ်။

မြန်မာစာမှာ မူကွဲတွေ အများကြီးရှိတယ်။ တခါတရံ၊ တခါတလေကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ပလီတာ။ ဗိုလ်တထောင်ကို စသတ်နဲ့ရေးလို့၊ ကောင်းမှုတော်ကို အောက်မြစ်အပိုထည့်လို့ ကုသိုလ်ပိုမရနိုင်။ 

ကန်ဘေး၊ ကန်အစွန်းမှာပေါက်လို့ ကန်စွန်းလို့ ဆင်ခြေပေးရင်တော့ မမှန်ပါ။ အိုးထဲလည်းပေါက်တယ်။ ရထားလမ်းဘေး၊ ယာခင်းထဲ၊ လမ်းဘေး၊ နေရာတကာမှာ ပေါက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ