မုန်ညင်း ဋီကာ သံခိပ်

ညည်းညူတာတော့မဟုတ်ပါဘူး ကုန်ဈေးနှုန်းတွေကြီးသထက်ကြီးလာတော့ ဈေးဝယ်ရတဲ့ အိမ်ရှင်မတွေ ခေါင်းခြောက်ရတယ် ဒီမုန်ညင်းခါးတစည်းကို ၃၀၀ ပေးဝယ်ခဲ့ရတယ်

တင်ထားတာခု ဖြစ်ပါတယ်။ သတ်ပုံမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ စျေးကြီးသတဲ့ ဆောရီး။

အိမ်မှာလည်း မုန်ညင်းချက်စားတယ်။ ကျွန်တော်တို့က မုန်ညင်းအခါးကို အချိုထက် ပိုကြိုက်တယ်။

ပြည်တွင်းအညာဒေသမှာနေခဲ့စဉ်က မုန်ညင်းကို စားတဲ့အလေ့ အတော်နည်းတယ်။ မုန်ညင်းချဉ်သာ စားဖြစ်တာများတယ်။

အိန္ဒိယရောက်ကတည်းက မုန်ညင်းနဲ့ ညားတော့တာဘဲ။ သူတို့ဆီမှာ မဏိပူ၊ မီဇိုရမ်၊ နာဂလင်းပြည်နယ်တွေမှာ မုန်ညင်း အချို အခါး အလွန်စားတယ်။ မုန်ညင်းဆီ တတိုင်းတပြည်လုံး သုံးကြတယ်။ 

ကျွန်တော်က နိုင်ငံရေးထဲလည်းပါတော့ နာဇီတွေသုံးတဲ့ မုန်ညင်း အဆိပ်ဓါတ်ငွေ့အကြောင်းလည်း သိတယ်။

ဂျပန်စာ ဆူရှီးစားတိုင်း မုန်ညင်းပေ့စ် မပါလို့ မပြည့်စုံ။

မနေ့က အသိတယောက်က မျိုးစေ့တွေ လာပေးတာ မုန်ညင်းလည်းပါတယ်ထင်တယ်။ နက်ဖြန် သန်ဘက် စိုက်မယ်။

မုန်ညင်းခါး စျေးချိုလာပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ