မရှာတာ တွေ့တတ်တယ်

လွန်ခဲ့တဲ့ ၄ နှစ်တိတိက မုံရွာမှာ။

ဒေါ်မြမြအေးက မြွေတို့ ကင်းတို့ဆို အလွန်ကြောက်တာ။ အတူသွားရင် သူပဲ အကောင်တွေတွေ့တတ်တယ်။ ဆောရီး။ ကျွန်တော်ကြောက်တာက မြန်မာစာ မှားရေးတာ။ သွားတဲ့နေရာတိုင်းမှာ အမှားတွေတွေ့တယ်။ 

၂၀၁၈ ခုနှစ်က ဒီလိုနေ့မှာ မုံရွာတောင်ဘုရားကြီးရောက်ကြတယ်။ စောင်းတန်းမှာ ကုသိုလ်ပြုသူတွေ အမည်ရေးထိုးထားတာ မိသားတစု ရေးသင့်တာကို နောက်ထိုးတချို့သာ စသတ်တာ တွေ့ပါတယ်။ အမှန်တွေသာ များတယ်။ ကောင်းတယ်။

ဘုရားမရောက်ခင် သန်းတရာဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်းဘုတ်လည်း ဖတ်ခဲ့သေးတယ်။ ဓါတ်ပုံရိုက်ချိန်မရလိုက်။ မုံရွာက မြန်မာစာတော်တယ်လို့ လိုက်ကြွားချင်တယ်။ စုန်းပြူးကတော့ ရှိတာပေါ့။

ဒေါက်တာတင့်ဆွေ

၃၁-၅-၂၀၁၈

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Cancer Foods ကင်ဆာအတွက် အစားအစာ

Colorectal cancer အူမကြီး ကင်ဆာ