နှင့် နဲ့ နင် နင့် နက်


(ကန်တော့)
1. ဆရာခင်မျ ကျနော့် မိန်းမ နက် ( - ) မလို့ တားဆေးဘယ်လိုသောက်ရမလဲခင်မျ
2. ဆရာခမျ ကျန်းမာရေးနက်ပတ်သတ်တာယဲ့အကြောင်းလေးမေးချင်လို့ပါခမျ
3. ကျန်းမာရေးနှင့် ပတ်သက်လို့ ရေးရတယ်။ ပတ်သတ်တဲ့လို့ ရေးရတယ်။
4. သတ်ပုံအမှား နှောင်းလူများ မခံစားနိုင်ကြတာ တူညီပါရဲ့ ဆရာ။ နဲ့ ကို နက် ဆိုပြီး ရေးကြတာကိုလည်း ထောက်ပြပေးပါဆရာ။ မလုပ်ပါနဲ့ကို မလုပ်ပါနက်၊ ဟိုလူနဲ့တွဲ သည်လူနဲ့တွဲ ကို ဟိုလူနက် သည်လူနက် လို့ ရေးကြတာ အများအပြား ဖြစ်နေကြပြီဆရာ။
5. ဆရာ ကျမက မကွေးတိုင်းကပါဆရာ။ မဲ နဲ့ မည်း ကို ဘယ်လိုခွဲခြားသုံးလဲ သိချင်လို့ပါရှင့်။
6. ဆရာ အမဲ၊ အမည်းလို့ ဆရာပြင်ထားတာတွေ့လိုက်တယ်။ သူက အရောင်ကို ကိုယ်စားပြုပြောတာဆိုတော့ အမဲက အမှန်လား အမည်းက အမှန်လားခင်ဗျ။
7. အမဲရောင်နဲ့ အမည်းရောင် ဘယ်ဟာအမှန်ပါလဲခင်ဗျ
8. နှင့်ကို စကားအရာမှာ နဲ့လို့ပြောဆိုကြပြီး စကားပြောစာရေးနည်းမှာ ထည့်ရေးလာကြပါတယ်။ နက်လို့ရေးတာတော့ မမှန်ပါ။
9. ကောင်လေးကချောရက်သားနက် = အသားမည်းနက်သောကောင်လေး
နဲ့
ချည့်နဲ့နဲ့သာ ကျန်တော့သည်
ထော့နဲ့ထော့နဲ့ သွားနေသည်
ဒါနဲ့ စကားမစပ်

နှင့်
ကိုယ်နှင့်မဆိုင် ခွင့်မပိုင် ဆွဲကိုင်မကြည့်ရ
ကျန်းမာရေးနှင့် ပတ်သက်သော
ဆရာဝန်နှင့် လူနာ
ဆရာနှင့် တပည့်
ဇနီးနှင့် ခင်ပွန်း
ပညာရေးနှင့် သက်ဆိုင်သော
ဘာသာရေးနှင့် မဆိုင်သော
မင်းသားနှင့် မင်းသမီး
မလာသည်နှင့် ပြန်သွားပြီ
ရန်သူနှင့် မိတ်ဆွေ
ရုရှားနှင့် အမေရိကန်
လူမိုက်နှင့်ငွေ အတူမနေ
လူကောင်းနှင့် လူဆိုး
သားနှင့် သမီး
အစိုးရနှင့် ပြည်သူ
အဆိုးနှင့် အကောင်း
အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်
အနာနှင့်ဆေး တည့်အောင်ပေး
အဖြူနှင့် အမည်း
အရင်သွားနှင့်ပြီ
အမေနှင့် အဖေ
မေးခွန်းနှင့် အဖြေ
မောင်ဘနှင့် မောင်လှ
နက်
နက္ခတ်တာရာ
နက်ကျော
နက်ကြုတ်
နက်ချိပ်
နက်နဲခက်ခဲလှသည်
နက်ဖြန်ခါ
နက်ရှိုင်း
နက်ဝှမ်း
နင့်နင့်သီးသီး
နှဲ့၍ နဲ့
နုန့်နဲ့သည်
နဲ့
မင်းနဲ့ငါ
မိုးနဲ့မြေ
လှုပ်တိုင်းနဲ့သည်
သည်အဝတ်အစားနဲ့ လှသည်
သွားနဲ့သည်
သူနဲ့သာဆိုရင်
အဓိပ္ပါယ်အတိမ်အနက်
အနက်ရောင်
အသားနက်သည်
နင်
နင်နဲ့ငါနဲ့
နင်ပဲငဆ မပြောရ
အစာနင်သည်
နင့်
စားပို့နင့်တတ်သည်
နင့်နေအောင် မစားရ
နင့်နင့်သီးသီး မပြောအပ်
ဟိုလူနက် သည်လူနက်တွဲလို့ရေးရင်တော့ အသာမည်းသူနဲ့တွဲလိုက် အသားနက်သူနဲ့တွဲလိုက်ဖြစ်မှာပေါ့ Smile!

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ