မင်းကြီးတာကထွက်သည်

ကိုယ်၌က တာဝန်ပျက်သည်

ရှေးက သမင်ဖမ်းသော မင်းတပါးသည် မှူးမတ်တို့အား တောခြောက်စေ၍ သမင်ကိုဖမ်းရာ၊ သမင်သည် မိမိတားရာ တာငန်းအကွက်မှ လွတ်ထွက်သွားသည်ကို မသိဟန်ပြု၍ အမတ်တို့အားမေးသဖြင့် အမတ်တို့က မင်းကြီးတာမှပင် ထွက်ပြေးကြောင်း သံတော်ဦးတင်သည်ကိုစွဲ၍ တစုံတရာတွင် ကြီးမှူးကွပ်ကဲသူတို့ကပင် စည်းကမ်းဖေါက်ဖျက် ပေါ့လျော့ခြင်းရှိသည့်အခါ တင်စား၍ သုံးနှုံးကြသည်။

လှသမိန်ပြုစုတဲ့ ဘန်းစကားများစာအုပ်က ဖြစ်ပါတယ်။ မင်းတပါး၊ တစုံတရာ၊ ဖေါက် သတ်ပုံတွေကိုပါ သတိပြုသင့်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ