Capecitabine ဆေး

ဒီဆေးကို  သုံးဘူးသူရှိပါသလားခင်ဗျာ ဆေးဆိုင် စျေးနှုံးလေး  သိပါရစေ။ ဘေးထွက်ဆိုးကျိုး နဲ့ ဆောင်ရန် ရှောင်ရန် သိပါရစေ။ ကျေးဇူးပြု၍ အလင်းပြပါ 
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ စျေးနှုန်းနဲ့ ဆေးဆိုင် မသိပါ။ အလင်းတော့ မပြတတ်ပါ။ ဆောရီး။ ဆေးအကြောင်းသာ ဖြေပါမယ်။

INCITABINE FILM COATED TABLET 500MG = Capecitabine 500 mg
Capecitabine ဆေးဖြစ်တယ်။ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာတွေမှာ သုံးတယ်။ ဆေးကို စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်ညွှန်တဲ့အတိုင်း အတိအကျ သောက်ရမယ်။ အများအားဖြင့် တနေ့ ၂ ကြိမ်။ အစာစားပြီး နာရီဝက်အတွင်း သောက်သင့်တယ်။ 

Docetaxel နဲ့တွဲပြီး metastatic breast cancer အဆင့်နောက်ကျနေတဲ့ ရင်သားကင်ဆာကိုလည်း ပေးတယ်။
Dukes' C colon cancer ခေါ် တက်စေ့ကိုပြန့်နေပြီဖြစ်တဲ့ အူမကြီးကင်ဆာကိုလည်း ပေးတယ်။
လူကြီး 2500 mg per square meter (m(2)) of body size per day ကနေ စပေးတယ်။ တနေ့ ၂ ကြိမ်ခွဲပေးတယ်။ ၂ ပတ်နေတော့ ၁ ပတ်နားစေတယ်။ 

ဘေးထွက်သက်ရောက်မှုများ = ပျို့၊ အန်၊ အစားပျက်၊ ဝမ်းပျက်၊ ဝမ်းချုပ်၊ မောပန်း၊ အားနည်း၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အိပ်မရ၊ အရသာပျက်၊ ယာယီဆံပင်ကျွတ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ