Chemotherapy hiccups ခီမိုသာရာပီရယူနေစဉ် ကြို့ထိုးခြင်း

လူနာက ကင်ဆာဆေးသွင်းတာမနေ့ကပေါ့ ဒီနေ့ကင်ဆာဆေးသောက်ပြီး ကျို့ထိုးတာဆက်တိုက်ပဲခင်ဗျ ဘာဖြစ်တာလဲမသိဘူး ဘာလုပ်ပေးရမလဲလဲမသိဘူး

ဆရာဝန်ကို မေးတာတော့ မဟုတ်။ ဖြေပါမယ်။ ဖြစ်တတ်တယ်။ အများအားဖြင့် ယာယီသာဖြစ်တယ်။ တချို့ ကြာနေနိုင်တယ်။

ဆေးလိုတဲ့နည်းတွေ

- အသက်ဖြည်းဖြည်းရှူပါ။ စက္ကူ သို့မဟုတ် ပလပ်စတစ်အိတ်တခုထဲမှာ အိတ်အဝကို လက်နဲ့ပိတ်ထားပြီး အသက်ရှူသွင်း ရှူထုတ်လုပ်ပါ။

- ရေကိုဖြည်းဖြည်းသောက်ပါ။

- သကြားလက်ဖက်ရည်ဇွန်း တဇွန်းကို ပါးစပ်ထဲထည့်ပြီး မျိုချပါ။

- ဘာကိုဖြစ်ဖြစ် အတင်းစားတာ မလုပ်ပါနဲ့။

- ရေခဲရေသောက်ပါ။ သို့မဟုတ် ပလုပ်ကျင်းပါ။

- ပေါင်မုံ့အခြောက်ကို ဖြည်းဖြည်းစားပါ။

- သံပုရာသီးခြမ်း စုပ်ပါ။

- ဒူးကို ရင်ဘတ်ဆီကွေးထားပါ။

ဆေး

- Metoclopramide (Maxolon) ဆေးလည်း ပေးတတ်တယ်။

- haloperidol ဆေးလည်း ပေးတယ်။

- chlorpromazine ဆေး ဆေးလည်း ပေးတယ်။ 

- baclofen ဆေးလည်း ပေးတယ်။

- omeprazole ဆေးလည်း ပေးတယ်။

Hiccups ကြို့ထိုးခြင်း https://dr-tint-swe.blogspot.com/2021/02/hiccups.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ