Hygiene အစာလမ်း အူလမ်း ဆေးရန်မလို

မင်္ဂလာပါဆရာ အစာအိမ်နဲ့အူလမ်းကြောင်းကို ဆေးကြောပေးတာ အညစ်ကြေးတွေကို ဆေးကြောပေးတာက ဝမ်းချူတဲ့နည်းအပြင် ဆားရည်တလီတာနဲ့အူကိုဆေးပေးလို့ရတယ်ဆိုတာ တလကိုဘယ်နှစ်ကြိမ် (သို့မဟုတ်) ဆားရည်နဲ့အူဆေးတဲ့နည်းလမ်းဟာ မှန်ကန်ပါသလားဆရာ ပန်းရောင်ဆားက သွေးတိုးစေတဲ့ ဆိုဒီယမ်တွေ မရှိသလောက်နီးပါးလို့ ဆိုထားတာတွေ့မိတယ် ပန်းရောင်ဆားနဲ့ အူခဏခဏဆေးကြောပေးခြင်းက ဆိုးကျိုးတွေ ရှိနိုင်ပါသလားဆရာ အူဆေးနည်းလမ်းတွေထဲက အခြားသော လုပ်ဆောင်လို့ရနိုင်တဲ့ အူဆေးကြော သန့်စင်နည်းလမ်းလေးတွေကို သိချင်ပါတယ်ဆရာ ကျေးဇူးတင်စွာဖြင့်

လူတိုင်း အစာလမ်း၊ အူလမ်း ဆေးစရာမလိုပါ။

ကိုယ်ခန္ဓာက အလိုလို မသင့်တာ၊ ပိုတာတွေကို စွန့်ထုတ်ပေးတဲ့စနစ်တွေရှိပြီးဖြစ်တယ်။ ချွေး၊ ဆီး၊ ဝမ်း။

အဆိပ်သောက်တဲ့လူနာ ၄ နာရီအတွင်းရောက်လာရင် အစာအိမ်ထဲကျန်နေတဲ့အဆိပ်တွေကိုတော့ အစာအိမ်ဆေးနည်း လုပ်ပေးရတယ်။

ဝမ်းနှုတ်ဆေးကိုလည်း မလိုအပ်ပဲ တလွဲမသုံးရ။ မလိုပဲသောက်နေ၊ လုပ်နေသူတွေ နောက်ဆက်တွဲ ဖြစ်တာတွေ ရှိလာမယ်။

လက်ဆေး၊ ရေချိုး၊ ခေါင်းလျှော်၊ သွားတိုက်စတဲ့ တကိုယ်ရေသန့်ရှင်းရေးသာ နေ့စဉ်လိုအပ်တယ်။ အစာအိမ်သန့်ဆေး၊ အူသန့်ဆေး၊ အဆုတ်သန့်ဆေး၊ သားအိမ်သန့်ဆေး၊ သွေးသန့်ဆေး မရှိ။

ဒေါက်တာတင့်ဆွေ

၃၁-၅-၂၀၂၀

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ