June Born ဇွန်လလဖွါး

ဇွန်လထဲမှ တူမတယောက်က ၁ ရက်၊ မြေး ရွှေရည်ဆွေက ၈ ရက်၊ မြေး သဒ္ဓါဆွေက ၁၈ ရက်နေ့တွေမှာ မွေးကြတယ်။

အမေရိကန်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးလည်း ဇွန်လ (၁) ရက်နေ့မှာ မွေးတယ်။ ဇွန်လ (၁) ရက်နေ့ ဖွါးသူတွေဟာ အရာရာကို စူးစမ်းချင်စိတ်များတယ်။ လူတွေရဲ့ အမူအယာတွေကို သိအောင် လုပ်တယ်။ အတွင်းကျကျတော့မဟုတ်။ သူများတွေအကြောင်း စူးစမ်းနေတာများလို့ ကိုယ်ကိုယ်ကို မေ့နေတတ်တယ်။ ကျန်းမာရေးမှာ သူတို့က ဆရာဝန်တွေကို သိပ်မယုံကြဘူး။ စူးစမ်းနေတာအတွက် အချိန်ကုန်တာနဲ့ ဆေးရုံဆေးခန်းကို အားမထားချင်လို့ ကိုယ့်ကျန်းမာရေးကို စစ်ဆေးဘို့အချိန်နည်းကြတယ်။ ဒါပေမယ့် ကာကွယ်ရေးတော့ လုပ်ကြတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာ ရွေးပြီး စားသောက်တတ်ကြတယ်။ ငွေရေးကြေးရေးမှာ ခက်ခဲတတ်တယ်။ သူများကို ပေးချင်ကမ်းချင်စိတ် များကြတယ်။ အဲတာနဲ့ ကိုယ့်တွက်မကျန် ဖြစ်တတ်ကြတယ်။ အလုပ်အကိုင်ကယ်ရီယာမှာ အဆင်ပြေကြတယ်။ လူတွေအကြောင်းသိကြလို့ရော ဆုံးဖြတ်တာမှန်ကန်လို့ကြောင့်ဖြစ်တယ်။

ဇွန်လ (၁) သမိုင်းအဖြစ်အပျက်များ

၁၂၁၅ တရုပ်နိုင်ငံ ဘေဂျင်းမြို့ကို မွန်ဂိုးလ်ဘုရင် ဂျင်ဂစ်စ်ခန်က သိမ်းယူလိုက်တယ်။

၁၇၉၂ ကင်တပ်ကီဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၅ ခုမြောက်ပြည်နယ်ဖြစ်လာတယ်။

၁၇၉၆ အမေရိကန်ပြည်ထောင်စုကနေ ဗြိတိသျှရဲ့ နောက်ဆုံးတပ်တွေ ရုပ်သိမ်းတယ်။

၁၇၉၆ တင်နက်ဆီပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ခုမြောက်ပြည်နယ်ဖြစ်လာတယ်။

၁၈၈ဝ ပဌမဆုံး တယ်လီဖုန်း တပ်ဆင်လိုက်တယ်။

၁၉ဝဝ ဗြိတိသျှက တောင်အာဖရိက ပရီတိုးရီးယားကို သိမ်းယူတယ်။

၁၉၄၁ ဗြိတိသျှက အီရတ်နိုင်ငံ ဘက်ဂဒက်ကို သိမ်းတယ်။

၂ဝ၁၆ ဆွစ်ဇာလန်မှာ ကမ္ဘာအရှည်ဆုံးလှိုင်ခေါင်းပြီးစီးတယ်။ ၅၇ ကီလိုမီတာရှည်ပြီး အကုန်အကျလည်းအများဆုံး ဖြစ်တယ်။ ယူရို ၁၁ ဘီလီယန်ကုန်ကျတယ်။

ဒေါက်တာတင့်ဆွေ

၃၁-၅-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ