Monkeypox မန်းကီးပေါက်စ်

၃၁-၅-၂၀၂၂ နေ့စွဲပါ WHO ထုတ်ပြန်ချက်

မန်းကီးပေါက်စ် ခေါ် မျောက်ကျောက်ရောဂါဟာ နိုင်ငံပေါင်း ၃၀ မှာ ကူးစက်ခံရသူပေါင်း ၅၅၀ ယောက်ရှိပြီ။

မန်းကီးပေါက်စ် ရောဂါဟာ ဗိုင်းရပ်စ်ကနေ ကူးစက်တယ်။ အရင်က စမောလ်ပေါက်စ် ခေါ် ကျောက်ကြီးရောဂါနဲ့ ဆင်တယ်။ ဒါပေမဲ့ ရောဂါခံစားရတာ အတော်သက်သာတယ်။

ဖျားမယ်။ ခေါင်းကိုက်မယ်။ 

လည်ချောင်းနာ။ ချောင်းဆိုး။

တက်စေ့ ခေါ် လင့်ဖ်နုတ်လေးတွေ ရောင်မယ်။ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံ။

ခါးနာမယ်။ ကြွက်သားတွေ နာမယ်။

အားမရှိသလိုနေမယ်။

မျက်နှာ၊ ခြေ၊ လက်၊ ကိုယ်တွေမှာ အရေပြား အနာလေးတွေဖြစ်မယ်။

၂ ပတ်ကနေ ၃ ပတ်ကြာရင် သက်သာပျောက်ကင်းမယ်။ 

ဒိနောက်မှာ တခြားသူတွေကို မကူးစက်တော့ပါ။

သေဆုံးနှုန်း ၃% ကနေ ၆% ရှိတယ်။

မန်းကီးပေါက်စ် ခေါ် မျောက်ကျောက်ရောဂါပုံတွေ တင်ထားကြတာ တခုတလေမှ အစစ်အမှန် မဟုတ်ပါ။ ဟိုရှေးရှေးတုန်းက ကျောက်ကြီးလူနာတွေနဲ့ မျောက်ကျောက်စတင်ခဲ့တဲ့ အာဖရိကက ပုံဟောင်းတွေသာ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ