Numbers ဂဏန်းရေးနည်း (၁)



၁။ ငွေ ၂၀၀၀၀၀၀၀ိ ကို (ကျပ်သိန်းနှစ်ရာတိတိ) ရေးရမည်လား ကျပ်မပါဘဲ (သိန်းနှစ်ရာတိတိ) ရေးရမည်လားရှင့်

• ရှေ့မှာ ကျပ် ဆိုတာထည့်၊ နောက်ဆုံးမှာ တိတိ ဆိုတာထည့်မှ မသမာမှု လုပ်လို့် မရမှာလေ။

• ဂဏန်းတွေ အတိုးအလျှော့ လုပ်လို့ မရအောင် ထိန်းလိုက်တဲ့ သဘောပဲ။

• (ကျပ်သိန်းနှစ်ရာတိတိ) အမှန်

• နောက်ကစပြီး သုည သုံးလုံးတစ်တွဲဲ ကော်မာခံ။ ကိန်းဂဏန်းရေတွက်လို့ လွယ်ကူအောင်။ နောက်က (ကျပ်သိန်းနှစ်ရာတိတိ) အမှန်ပါ။

• "ကျပ်"ထည့်တာပိုကောင်းတယ် မြန်မာငွေမှန်း သိသာတာပေါ့

• ကျပ်မထည့် ပြားဆိုပီး ငြင်းဘယ်လိုလုပ်ပ

• ကျပ်နှစ်ရာသိန်းတိတိ

၂။ တစ်တောင် နဲ့ တတောင် စာလုံးပေါင်းအမှန်လေး သိချင်လို့ပါ ခင်ဗျာ

၃။ ဆရာဗျ ကိန်းဂဏန်း ၁ ကို မြန်မာလို တစ်လို့ရေးရမှာ ဟုတ်ပါသလားဗျ။ ၁ ကျပ်တန်မှာ တကျပ် (သို့) တစ်ကျပ် ၁ နှစ် တနှစ် (သို့) တစ်နှစ် ဘယ်လိုအရေးအသား အသုံးပြုသင့်ပါသလဲဗျ။

ဂဏန်းရေးနည်း

• 100 = One hundred = တရာ

• 1,000 (0 ၃ လုံး) = One thousand = တထောင်

• 10,000 (0 ၄ လုံး) = Ten Thousand = ဆယ်ထောင် (တသောင်း)

• 100,000 (0 ၅ လုံး) = One hundred thousand = တရာထောင် (တသိန်း)

• 1,000,000 (0 ၆ လုံး) = One million = တသန်း

• 10,000,000 (0 ၇ လုံး) = Ten million = ဆယ်သန်း

• 1,000,000,000 (0 ၉ လုံး) = One billion တစ်ဘီလီယံ (သန်းတထောင်)

• 1,000,000,000,000 (0 ၁၂ လုံး) = One trillion တစ်ထရီလိယန် (တထောင်ဘီလီယံ )

ဂဏန်းရေးနည်းစည်းမျဉ်းမှာ (,) ကော်မာကို ထောင်ဂဏန်းကစပြီးသုံးတယ်။ ကော်မာကိုမှန်အောင်ထားရင် ဖတ်တာနဲ့ တန်းသိမယ်။ ဆယ်ထောင်၊ တရာထောင် (တသောင်း)၊ တသန်း (တထောင်ထောင်)။ သောင်း၊ သိန်းနဲ့ ကုဋ္ဋေကို နိုင်ငံအတော်များများမှာ မသုံးပါ။

• 10,000 ကို Ten Thousand = ဆယ်ထောင်လို့သာရေးတယ်။ သောင်းလို့ မြန်မာပြည်မှာသာခေါ်တယ်။

• 100,000 ကို One hundred thousand = တရာထောင်လို့သာရေးတယ်။ သိန်းလို့မြန်မာပြည်မှာသာခေါ်တယ်။ One Lakh (Lac) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။

• 10,000,000 ကို ဆယ်သန်းလို့သာခေါ်တယ် Crore (ကုဋ္ဋေ) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။

• 1,500 တထောင့်ငါးရာကို အိန္ဒိယမှာ One thousand five hundred လို့မရေးပဲ၊ Fifteen hundred လို့ရေးတယ်။ အိန္ဒိယမှာနေရစဉ်က ချက်လက်မှတ်ရေးရတာ အတော်ဂွကျတယ်။

ဂဏန်းတခု နောက်မှာ ယူနစ်တခုခုမပါရင် ဘာတန်ဖိုးမှ မရှိပါ။ ယူနစ်ဆိုတာ ဂဏန်းတခုရဲ့ တန်ဖိုးဖြစ်တယ်။ မေးခွန်းတွေမှာ ဖြစ်နေတာ ၃ ကြာပြီတဲ့။ ကျမသမီး ၂ ရှိပြီတယ်။ သမီး ၂ ယောက်လား။ သမီးအသက် ၂ လ၊ ၂ နှစ်လား ပြန်မေးရတယ်။ သူ့သမီးက G10 တက်မှာတဲ့။ အာစီယန်တက် မတက် သတင်းတွေလာနေချိန်ဆိုတော့ အတော်စဉ်းစားယူရတယ်။ G10 ဆိုတာ ဖွံ့ဖြိုးတဲ့ စက်မှုနိုင်ငံ ၁၀ နိုင်ငံအစုကို ခေါ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ