Prostate cancer ယောက်ျားဆီးကျိတ်ကင်ဆာ

၁။ ကျွန်မအဖေ အသက် ၈၄ နှစ်ပါ ဆီးကျိတ်ကင်ဆာ အဆင့် ၄လို့ ဆရာ၀န်ကပြောပါတယ် ၁၂ ရက် ၅လကမှ ကင်ဆာဖြစ်မှန်းသိတာပါ အသားစယူဖို့ကို လူနာကအားလဲနည်းတယ် အသက်လဲကြီးတော့ မေ့ဆေးဒဏ်မခံနိုင်မှာဆိုးလို့ မယူဖြစ်ပါဘူး နှာခေါင်းပိုက်လဲသွင်းထားရပါတယ် ဆီးပိုက်ထဲထည့်ထားရပါတယ် ကင်ဆာဆဲလ်က ခါးရိုးတွေပါ ပြန့်ပြီး ဓာတ်မှန်အရ ခါးရိုးတွေလဲ ကျိုးနေတယ်လို့ပြောပါတယ် ခါးရိုးကအာရုံကြောမကြီးကို ကင်ဆာဆဲလ်က ပိပြီး ခုခါးအောက်ပိုင်းကနေ လှုပ်လို့မရတော့ပါဘူး အောက်ပိုင်းသေသလို ဖြစ်နေပါတယ် အဲ့တာကင်ဆာဆရာ၀န်က ခါးရိုးကို ဓာတ်ကင်ရမယ်လို့ ပြောပါတယ် အဲ့တာဓာတ်ကင်ရင်ကော သူအသက်အရွယ်နဲ့ ခံနိုင်ပါ့မလားရှင့် အသိမိတ်ဆွေတွေကလဲ မကင်နဲ့လို့ပြောလို့ပါရှင့် ပထမဆုံးရေးတာမို့လို့ အရေးအသားမှားယွင်းခဲ့ရင် တောင်းပန်ပါတယ်ရှင့်

၂။ ဆရာရှင့်ကျွန်မဖခင်က အသက်က ၇၄နှစ်ပါ။ ရန်ကုန်ဆေးရုံကြီးမှာပြသနေပါတယ်။ ဆီးကျိတ်ကင်ဆာလို့သိရပါတယ်။ ဆေးစာရွက်ကိုကြည့်ပေးပါရှင်။ ကုသလို့ပျောက်နိုင်သေးလား၊ ဘယ်အခြေနေလောက်ရောက်နေပြီလဲဆရာ။ သိပ်မနေရတော့ဘူးလားဆရာ။ ဖြေပေးပါရှင် လေးစားစွာဖြင့်။

၃။ ဆရာရှင့် ကျွန်မအဖေက အသက် ၇၄ နှစ်ပါ။ ဆီးမသွားနိုင်လို့စံပြဆေးရုံသွားပြတာ ဆေးရုံကစစ်ဆေးပြီး ဆေးရုံတင်ခိုင်းပြီး ဆီးကျိ်တ်ခြစ်ပါတယ်ဆရာ။ အသားစစ်ဆေးတာအဖြေထွက်တော့ ကင်ဆာလို့သိရပါတယ်ဆရာ။ ဘယ်လောက်ထိနေနိုင်ပါသေးလဲဆရာ။ အိမ်သားများအားလုံး တချိန်လုံးစိတ်မကောင်းဖြစ်နေပါတယ်ဆရာ။ ဆေးသောက်ရင်ကော ပျောက်နိုင်ပါသလားရာ။ သက်တမ်းစေ့နေနိုင်ပါသလားဆရာ။ လေးစားစွာဖြင့်။

ဆီးကျိတ်ကင်ဆာဆိုတာ ယောက်ျားတွေမှာ အဖြစ်များတယ်။ ကြီးတာတော့ နှေးပါတယ်။ ပြန့်တာလည်းနှေးတယ်။ တချို့မှာ ကင်ဆာဖြစ်နေပေမဲ့ လူကောင်းလိုနေနိုင်သေးတယ်။ နောက်တော့ ဆီးသွားရခက်လာမယ်။ ဆီးအားနည်းလာမယ်။ ဆီးမလုံတာဖြစ်မယ်။ သုက်ထဲသွေးပါနိုင်တယ်။ ပန်းသေပန်းညှိုးဖြစ်နိုင်တယ်။ အရိုးနာမယ်။ တင်ပါးဆုံနေရာနာမယ်။

ကုသနည်းများ

• တချို့ စောင့်ကြည့်နိုင်။

• တချို့ Radical prostatectomy ဆီးကျိတ်ကုတခုလုံးထုတ်။

• Brachytherapy ဓါတ်ရောင်ခြည်ထွက်ဆေးအစိထည့်နည်း။

• Conformal radiotherapy ဓါတ်ကင်နည်း။

• Intensity modulated radiotherapy ဓါတ်ကင်နည်းတမျိုး။

• Hormone Therapy for Prostate Cancer

• Immunotherapy for Prostate Cancer

• Targeted Therapy for Prostate Cancer

နောက်ကျတဲ့အဆင့် ကုသနည်းများ

၁။ ဓါတ်ကင်နည်း + ဟော်မုန်းပေးနည်း။ တချို့ ခွဲစိတ်နည်းပါတွဲ။

၂။ Radioactive injection ဓါတ်ရောင်ခြည်ဆေးထိုးခြင်း။ radium-233 ဆေးသုံးတယ်။

၃။ Estrogen skin patches အီစထိုရျင်ဟော်မုန်း ကပ်ခွါ။

၄။ Xofigo (radium Ra 223 dichloride) ဆေးကို ၂ဝ၁၃ ကစသုံးတယ်။

နောက်ဆက်တွဲဖြစ်နိုင်သည်များ

• Metastasis တခြားနေရာတွေဆီပြန့်ခြင်း။

• Incontinence ဆီးမထိန်းနိုင်ခြင်း။

• Erectile dysfunction ပန်းသေခြင်း။

အလားအလာ

၉၉% လူနာတွေ ၅ နှစ်မကအသက်ရှင်ပါမယ်။ စောစောတွေ့တဲ့လူနာ ၁ဝဝ% ၅ နှစ်အနည်းဆုံးအသက်ရှင်မယ်။ တချို့နိုင်ငံတွေမှာ လူနာ ၁ဝ ယောက်မှာ ၉ ယောက်ကို စောစောသိတယ်။ ၅% သာ နောက်ကျမှသာသိရတယ်။ ဘေးပြန့်နေသူဆိုရင် ၃ ယောက်မှာ ၁ ယောက်သာ ၅ နှစ်အထိနေနိုင်ကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ