Salmon ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးနဲ့ ပုံထဲပါ အသီးအရွက်လေးတွေနဲ့ သံလွင်ဆီ ပါတဲ့အစားအစာဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလို့ သတ်မှတ်ပါတယ်။

မြန်မာပြည်မှာ ဆယ်လ်မွန်ငါးတို့အပြန်သီချင်းသာ ဆိုကြတယ်။ ဆယ်လ်မွန်ငါး ရှားနိုင်တယ်။ လူအများ စားသုံးတဲ့ ရတဲ့ငါးလည်း ကောင်းပါတယ်။ ရတဲ့ဟင်းသီးဟင်းရွက် လတ်ဆတ်တာကောင်းပါတယ်။ 

သံလွင်ဆီက ကြော်တာ ချက်တာ မဟုတ်ပါ။ နည်းနည်းပါးပါး ဆမ်းစားတဲ့သဘောသာဖြစ်တယ်။ ကိုယ့်ဆီရတဲ့ ပဲဆီ၊ နှမ်းဆီ၊ နေကြာစေ့ဆီ အကောင်းပါတယ်။

ငန်ပြာရည် မပါ။ ငပိ မပါ။ အရသာမှုန့် မပါ။ ကိုင်းသီး မပါ။ ငရုတ်ပု မပါ။ ကန်စွန်းရိုးနီ မပါ။ မာလာ မပါ။ ရိုးရိုးရှင်းရှင်းလေးသာ။

သွေးတိုးရှိသူ၊ ဆီးချိုရှိသူ၊ ကိုလက်စထောများသူ၊ နှလုံးရောဂါရှိသူ၊ ကိုယ်အလေးချိန်များသူတွေ အကုန်သင့်တယ်။

Aung Myin Tun

Salmon ကဝယ်လို့ရပါရဲ့၊ ဈေးကအကြီးသား။ သူဌေးစာ၊ လူလတ်တန်းစား၊ အခြေခံလူတန်းစား အတွက်သင့်တော်တဲ့ငါးဟုတ်ပုံမရပါ။

DrZaw Min

Aung Myin Tun အနောက်နိုင်ငံမှာလည်းဈေးကြီး ဟန်လုပ်ပြီးစားကြတဲ့ငါး မျက်နှာပန်းလှအရောင်လှ။ သူလိုပန်းရောင်ဈေးပေါတဲ့ကျူနာ tuna ပိုအစားများပါတယ်။ smoked salmon လျှော့စျေးတော်တော်ချထားတာမြင်ရင်တခါတရံဝယ်စားပေမဲ့ ငါးနှစ်မျိုးလုံးမကြိုက် အနံ့အရသာကျအထင်ကြီးစရာမရှိ overrated ဋီကာချဲ့။

Tint Swe

DrZaw Min ဟိုနေ့က တခြားမြို့မှာနေတဲ့ မြေးနံပတ် ၂ ရဲ့ ၁၂ တန်းပြီး ဘွဲ့ယူတာသွားတြယ်။ အပြန်မှာ သူ့အမေက ဆယ်လမွန်ငါးတွေ ပုံးကြီးနဲ့ ၂ ပုံးထည့်ပေးလိုက်တယ်။ တလလောက်စားရမယ်ထင်တယ်။

DrZaw Min

Tint Swe အမေရိကန်မှာနှစ်စဥ်ပင်လယ်ကနေမြစ်ညာထိဆန်တက် ဥအုပြီးရင်သေကြရှာတဲ့ငါးတွေ၊ အံ့စရာကောင်းတာကငါးသေကောင်တွေကိုငါးခြောက်လှန်းငါးဆားနယ်ငပိသိပ်လုပ်ပုံမရဘူး။ ရှေးကတော့မြေဩဇာအဖြစ်သုံးပြီးလူဖြူတွေစိုက်တာပျိုးတာမဖြစ်တော့ဌာနေတွေကဒါသုံးရတယ်လို့ပြသတဲ့။ ဝက်ဝံတွေမြစ်ထဲမှာဒီငါးဖမ်းစားတာလည်းရုပ်ရှင်ထဲတီဗီထဲမှာမြင်ဖူးတယ်။ ဟဲရင်း herring ကိုငါးကျပ်တင်လုပ်တာများတယ် အဲဒီကစ်ပါ kippers ကိုမနက်စာအလေ့ရှိပါတယ်၊ ကြိုက်တယ်။

DrZaw Min

မှားတာအကျင့်ကြီးပါနေကြပြီ၊ အင်္ဂလိပ်မှာအွန်သံမရှိပါ အော်န်သာရှိတယ်။

salmon ဆာမင်(ယူကေ) ဆယ်မင်(ယူအက်စ်) calm, balm မှာလို လ သံပျောက်၏။

lemon လယ်မင်/မယ်န်

Simon ဆိုင်မင်/မယ်န်

Amazon အယ်မဇင်/ဇယ်န်

bacon ဘေကင်

Lincoln လင်းကင်း

Johnson ဂျွန်ဆင်ကိုဘယ်သူမှဂျွန်ဆွန်မဖတ်ခဲ့ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ