Tests for Pancreatic Cancer သရက်ရွက်ကင်ဆာ စစ်ဆေးနည်းများ

မုန့်ချိုအိတ်ကင်ဆာ ဟုတ် မဟုတ် အတိအကျသိရအောင် ဘယ်လိုစစ်ရမလဲချင်ဗျ။ CT တော့ ရိုက်ပီးပီ (ပြီးပြီ) ခင်ဗျ

မေးခွန်းက ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။ အမေရိကန်ဆေးပညာအရ တင်ပြပါမယ်။ ဒီစာထဲမှာပါတာတွေ အကုန်လုပ်မယ်လို့ မဆိုလိုပါ။ ကိုယ့်ကိုစမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က အလိုအပ်ဆုံး စစ်ဆေးနည်းကို ညွှန်ပါတယ်။ ဖေ့စ်ဘွတ်ကနေ ဆရာဝန်မဟုတ်သူတွေဖြေတာက မှန်တာရော မှားတာပါ ပါလေ့ရှိတယ်။ ကျွန်တော်က စာကိုသာ ရေးတာ။

၁။ Medical history and physical exam ရောဂါရာဇဝင်မေးခြင်းနှင့် လက်နဲ့ စမ်းသပ်ခြင်း၊

၂။ Imaging tests ပုံရိုက်စစ်ဆေးနည်းများ

ရောဂါရှိ မရှိကိုသာ စစ်ဆေးတာ မဟုတ်။ ရောဂါက တခြားနေရာတွေကို ပြန့်နေ မနေကိုပါ စစ်တာဖြစ်တယ်။ ကုသနည်းရဲ့ ထိရောက်မှုကိုလည်း သိချင်လို့ဖြစ်တယ်။

- Computed tomography (CT) scan

- Magnetic resonance imaging (MRI)

- Ultrasound

- Cholangiopancreatography

- X-rays 

- Percutaneous transhepatic cholangiography (PTC)

- Positron emission tomography (PET) scan

- X-ray angiography

၃။ Blood tests သွေးစစ်ခြင်း

၄။ Liver function tests အသည်းအလုပ်စစ်ဆေးခြင်း

၅။ Tumor markers ကျူးမာမာကာ CA 19-9

၆။ Biopsy ဘိုင်အော့ပ်စီ ခေါ် အသားစစစ်ဆေးနည်း (လူတိုင်းကို မလုပ်ပါ)

Pancreatic cancer သရက်ရွက်ကင်ဆာ https://dr-tint-swe.blogspot.com/.../pancreatic-cancer_30...

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ