ဂွေးသီးငပိချက် နည်းလေးပါရှင်

ခုချိန်လေး ဂွေးသီး နုနုလေးတွေပေါ

တချို့ကအသီးကိုပြုတ်ပြီးခြေချက်ပါတယ် အိမ်မှာတော့အသီးကိုရေဆေးငြုပ်ဆုံထဲဆားအနဲငယ်ထည့်ပြီးအသီးကိုထောင်းချက်ပါတယ် ဒယ်ထဲဆီထည့်ပါဆီကျက်ရင်ကြက်သွန်ဖြူနီထောင်းထားတာထည့်ပါဆနွင်းထည့်ပါ ငြုပ်သီးအရောင်တင်မှုန့်ထည့်ပါ (သို့) အကြမ်းဖတ်လေးစိတ်ကွဲလဲထည့်ပါတယ်ပြီးရင်မျှင်ငပိကွန်းသီးတလုံးလောက်ထည့်ပါ .ပုစွန်ထည့်ပါ ပုစွန်ခြောက်နဲ့ချက်လဲရပါတယ်ဂွေးသီးထည့်ပါရေနဲနဲထည့်ပြီးအဖုံးခဏဖုံးထားပါအသီးတွေနူးအိသွားရင်အရသာမှုန့်ထည့်ငံပြာရည်ထည့်ပြီးမြည်းကြည့်ပါ ငြုပ်သီးစိမ်းလေးတွေထည့်ပါဆီပြန်ရင်ရပါပြီ (ချက်နည်းပြုတ်နည်း)

သတ်ပုံမှန်သဖြင့် စားကောင်းမည်။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်။ တချို့ဟင်းချက်နည်းတွေက မျိုချမရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ