ဗူးလုံးနားမထွင်း ဆရာကြီးလုပ်သူ

"ဘူးသီး" ကို "ဗူးသီး"လို့ မရေးမိစေနဲ့။ "ဗူး"မှုတ်တာကလွဲရင် ဘာထည့်တဲ့ ဘူးဖြစ်ဖြစ်၊ အကုန်လုံး ဘကုန်းနဲ့  "ဘူး"။

ဆရာကြီးလုပ်သူကိုယ်တိုင်က ဗူးဘုရားကို မရောက်ဘူးသူ။ ဗူးသီးကြော်လည်း မစားဘူးသူ။

ဗူး

ခံဗူးကုထုံး

ခံဗူးရွာ

ဗူးခါးရေ

ဗူးဆို့

ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ

ဗူးပင်၊

ဗူးဘုရား

ဗူးမှုတ်

ဗူးလုံးနားမထွင်း

ဗူးသွင်းသည်

ဗူးသီး

ဗူးတောင်း

ဗူးလေးရာ ဖရုံဆင့်

ဆေးဗူး (ယခင်သတ်ပုံ)

ရေဗူး

ဗူးသီးနုနု ​မခူးရ

ဗူးဘုရား 

ဒီပို့စ်ကို အခါ ၂၀ လောက်တွေ့ပြီးပြီ။ မမှန်တာဆို ခဏခဏကူးတင်ကြတဲ့ခေတ်။ ဆေးအတုကို ဘယ်မှာဝယ်ရမလဲ မေးကြတဲ့ခေတ်။ ကြော်ငြာဆေးသာဖြစ်ပါသည်ဆိုရင် ဘယ်လောက်ပေးရသလဲမေးကြတဲ့ခေတ်။ မှားနေပါတယ်လို့ ထောက်ပြတဲ့အခါ ဟုတ်ဆရာ၊ မူကရေးတာကမှားနေတာကို ပြင်မရလို့ပါတဲ့။ ဂျိန်းဘုရားပုံပါလို့ ပြောလဲ ဘုရားစင်မှာ ဆက်ကပ်ထားသူတွေက များတဲ့ခေတ်။

ပုံ = လူသိများသည့် ဗူးပင်၏ အသီးအရွက် အပွင့်များ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၈၊ စာမျက်နှာ ၁၃)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ