ဆေးနည်းတွေ
တင်ထားတာတခု တွေ့တယ်။ လေဖြတ်ပြီး စကားမသွက်ပါက သပွတ်ခါးသီးတဲ့။
အရပ်ဆေးနည်းတွေ၊ ဗမာနဲ့ မြန်မာဆေးနည်းတွေ၊ တရုပ်နဲ့ ကုလားဆေးနည်းတွေ၊ ဖေ့စ်ဘွတ်ဆေးနည်းတွေ၊ အမျိုးအမည်အဆန်း စာလုံးပေါင်းမှန်အောင်မပေါင်းတတ်တဲ့ အသီး၊ အပွင့်၊ အရွက်၊ မြက်နဲ့ ပေါင်းပင် ဆေးနည်းတွေ နေ့တိုင်း တင်ကြတယ်။
လူတိုင်းလိုလို တသက်လုံးစားသုံးလာတာတွေကို ဆေးနည်းအဖြစ်ပေးတာက ရောဂါပျောက်တာ မပျောက်တာ အပထား၊ လူကို အန္တရာယ်မပေးပါ။
ဖြည့်စွက်စာတွေနဲ့ အဲလိုဆေးနည်းတွေက မကုမဖြစ်တဲ့ ဆေးကုသနည်းကနေ လမ်းလွဲစေရင်တော့ မကောင်းပါ။
ကျွန်တော်လည်း တခါတခါ သပွတ်သီး စားပါတယ်။ လေဖြတ်မထားပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment