ပဲ သတ်ပုံ (၂)

၁။ ယနေ့ ပဲဒီစိမ်း လှလျင် - ၃၈၀၀၀ိ/ မလှလျင် - ၃၅၀၀၀ိ/ စျေး (ပဲတီစိမ်းလို့ ရေးရ။)

၂။ ပဲစင်းငုံလို့ ရေးတယ်မို့လားဆရာ တောင်သူလုပ်စဉ်က အဓိကထားစိုက်ခဲ့ပါတယ်။ ဟင်းစားပဲမှာ တန်ဘိုးထာမခံရဘူး၊ မြန်မာပြည်မှာပါဆရာ။ အဆစ်အမြစ် ကိုက်တာနဲ့ပတ်သက်လို့ ကောင်းတယ် ဆိုကြတယ်ဆရာ။

တိုင်းရင်းဆေးနည်းတွေ မသိပါ။ နေ့လယ်စာစားနေရင်း ဒေါ်မြမြအေးကတော့ သူငယ်ငယ်က အမျိုးသမီးတွေကို အဲဒီပဲ စားခိုင်းတာ သိတယ်တဲ့။ အရင်သတ်ပုံစာအုပ်တွေမှာ ပဲစင်းခုန်လို့ ရေးတယ်။ ခုခေတ်ထုတ် သတ်ပုံစာအုပ်တွေမှာ ပဲစင်းငုံလို့ရေးတယ်

အရင်ထုတ်သတ်ပုံစာအုပ်မှ

စားတော်ပဲ

တပဲ = လေးရွေး

ပဲကတိုး

ပဲကျား

ပဲခွပ်

ပဲခူးစာငှက်

ပဲချဉ်ပေါင်

ပဲစင်းခုန် (ပဲစင်းငုံ၊ ပဲစင်းဂုံ၊ ပဲစဉ်းငုံ)

ပဲစိမ်းစားဥ

ပဲစုန်းကြူး

ပဲတလက်

ပဲတီချဉ်

ပဲတီစိမ်း

ပဲနံ့သာ

ပဲပိစပ်

ပဲပုစွန်

ပဲကြီး

ပဲပြားပုပ်

ပဲလင်းမြွေသီး

ပဲလွမ်း

ပဲစောင်းလျား

ပဲဆေးလုံး

ပဲနောက်

ပဲကြော်

ပဲလှော်

ဗိုလ်စားပဲ

ဝမ်းပဲငှက်

မြေပဲ

နောက်ထုတ်သတ်ပုံစာအုပ်မှ

ပဲကတ္တီပါ

ပဲကပ်ကြော်

ပဲကျပ်ပျဉ်

ပဲကျား

ပဲခွပ်

ပဲခူးတိုင်း

ပဲငံပြာရည်

ပဲငါးပိ

ပဲစင်းငုံ

ပဲစိမ်းစားဥ

ပဲစုန်းပြူး

ပဲဆန်

ပဲဆုပ်မုန့်

ပဲတင်းပဲကျေ

ပဲတီချဉ်

ပဲကြီးခွံတွန့်

ပဲဒလက်

ပဲနံ့သာ

ပဲနပြား

ပဲပိစပ်

ပဲပုစွန်

ပဲပုပ်

ပဲယွံ

ပဲယဉ်း

ပဲလွမ်း

ပဲလိပ်

ပဲသီတာနာ

ပဲစောင်းလျား

ပဲတောင့်ပြုတ်ငှက်

ပဲထွေး (ငှက်)

ပဲလေးညှင်း

နောက်တိုးစရာတွေ ရှိသေးတယ်။ တောင်အမေရိကပဲတွေကို မြန်မာလိုပြန်တာ မရှိသေး။ ပီရူးကလာတဲ့ လီမာပဲက ကျွန်တော်တို့ဆီက ယောနယ်ကပဲနဲ့ တူတယ်။ ရှိသေးတယ်။ မရေးအားသေးပါ။

ခုခေတ်မှာ မြန်မာစာသတ်ပုံတွေ ကမောက်ကမဖြစ်နေတယ်။ ဖေါ်မြူလာဆိုပြီး ထွင်ကြတယ်။ မမှန်တာ များတယ်။ မ နောက်က ဘဲ လိုက်တဲ့။ ကျွန်တော်တို့ခေတ်မှာ ဖတ်ရုံပဲ ဖတ်ပါ၊ လူပဲ နတ်ပဲလို့ရေးတယ်။ လူဘဲလို့သာရေးရင် လူတပိုင်း ဘဲတပိုင်းသတ္တဝါဖြစ်တယ်။

မလာပဲ မသွားပဲ (ခုခေတ်မှာ လွဲပြီး ဖေါ်မြူလာထုတ်သင်နေကြတယ်။ မ နောက်က ဘဲလိုက်တဲံ။ အဲလိုသင်တာ မမှန်ပါ။)

မလုပ်ပဲ မကိုင်ပဲ (ခုခေတ်မှာ လွဲပြီး ဖေါ်မြူလာထုတ်သင်နေကြတယ်။ မ နောက်က ဘဲလိုက်တဲံ။ အဲလိုသင်တာ မမှန်ပါ။)

မပြောပဲ မဆိုပဲ (ခုခေတ်မှာ လွဲပြီး ဖေါ်မြူလာထုတ်သင်နေကြတယ်။ မ နောက်က ဘဲလိုက်တဲံ။ အဲလိုသင်တာ မမှန်ပါ။)

ပဲတောင်သူတွေ ပဲကုန်သည်တွေ ပဲစားသူတွေ ဘယ်မှာနေနေ ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ