Cervical Cancer Risks သားအိမ်ဝကင်ဆာ ဖြစ်နိုင်သူများ

(ကန်တော့)

မြန်မာလိုရေးတင်ထားတာတွေ တွေ့တယ်။ သေချာမဖတ်အားပါ။ အရင်ကလည်း တင်ပြထားတယ်။ စာအသစ်တပုဒ် ရေးပါမယ်။ သားအိမ်ခေါင်းလို့သာ ရေးကြတယ်။ ကျွန်တော်က သားအိမ်ဝ။ ဘာကြောင့်လဲ တင်ပြပြီးသား။

ဘယ်လိုလူတွေမှာ သားအိမ်ဝကင်ဆာ ဖြစ်နိုင်ကြသနည်း

- အမျိုးသမီး၊ အသက်မကြီးလှသေး။ အိမ်ထောင်သားမွေးအရွယ်။ အသက် ၂၀ အောက် ရှားတယ်။ ၃၀ ဝန်းကျင် များတယ်။

- Human papillomavirus (HPV) infection ရှိသူတွေ၊

- Chlamydia infection လိင်ကတဆင့်ကူးစက်ရောဂါရှိသူတွေ၊

- Contraceptives ကိုယ်ဝန်တားဆေး နှစ်ရှည်သုံးရသူတွေ၊

- Pregnancy ကိုယ်ဝန်ဆောင်စဉ်၊

သားအိမ်ဝကင်ဆာဟာ အသက် ၃၅ နဲ့ ၄၄ ကြား အဖြစ်များတယ်။ စစ်လို့တွေသူတွေက အသက် ၅၀ ဝန်းကျင် ဖြစ်နေတတ်တယ်။ အပျိုတွေ အဖြစ် အလွန်နည်းပါးတယ်။

တကမာ္ဘလုံးမှာ ၂၀၁၈ ခုနှစ်က သားအိမ်ဝကင်ဆာလူနာသစ်ပေါင်း 570,000 ယောက်တွေ့ခဲ့တယ်။ အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာအမျိုးမျိုးရဲ့ ၇% ရှိတယ်။

Regular cervical cancer screenings ခေါ် ပုံမှန် သားအိမ်ဝကင်ဆာစစ်ဆေးနည်း Pap test လုပ်သင့်တယ်။ HPV test လည်းလိုတယ်။

Cervical Cancer Screening Guidelines သားအိမ်ဝကင်ဆာစစ်ဆေးနည်း လမ်းညွှန်

- Ages 21-29 နှစ်။ အသက် ၂၁ နှစ်မှာ စစ်ပါ။ ပုံမှန်သာဆိုရင် နောက် ၃ နှစ်မှာ ထပ်စစ်ပါ။

- Ages 30-65 နှစ်။ Pap test ရော HPV test ပါ စစ်ပါ။ ပုံမှန်သာဆိုရင် နောက် ၃ နှစ်မှာ ထပ်စစ်ပါ။ တချို့က ၅ နှစ်အကြာမှ စစ်ရန်လိုတယ်။ 

- Over 65 နှစ်။ ပုံမှန် စစ်ရန် မလိုအပ်။ ဆရာဝန်ကညွှန်မှာသာ စစ်ပါ။

HPV (human papillomavirus) ခေါ်ကြွက်နို့ဗိုင်းရပ်စ်အုပ်စုတစုကနေ ဖြစ်စေတယ်။ လိင်ရာဇဝင်နဲ့ သက်ဆိုင်တယ်။

HPV vaccine ကာကွယ်ဆေးထိုးထားသင့်တယ်။ ယူအက်စ်အေမှာ အသက် ၉၊ ၁၁၊ ၁၂ နှစ်ကနေ စထိုးစေတယ်။

Warning Signs of Cervical Cancer ဘယ်လိုလက္ခဏာတွေကို သတိထားရမလဲ

- Abnormal vaginal bleeding ဗဂျိုင်းနားကနေ ပုံမှန်မဟုတ် သွေးဆင်းခြင်း၊

- An unusual discharge from the vagina ဗဂျိုင်းနားကနေ တခုခုဆင်းခြင်း၊

- Pain during sex အတူနေစဉ် မနာသင့်ဘဲနာခြင်း၊

- Pain in the pelvic region တင်ပါးဆုံနေရာ နာခြင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ