Stage fright စင်ပေါ်တက်ရမှာ စိတ်ပူပန်နေသလား

၁။ ဆရာ ခင်ဗျား စင်ပေါ်တက်တဲ့အချိန် ရင်တုန်တတ်လို့ သက်သာအောင် proprananol သောက်ချင်လို့ပါ ဆရာ နူန်းထား ဘယ်လောက်သင့်လဲ ဆရာ အသက် က ၃၂ ပါ ဆရာ
၂။ ဟုတ်ကဲ့ပါရှင် သမီးလေးက စင်ပေါ်တတ်(တက်)စကားပြောရင်လူကြောက်တတ်(မှန်)လို့ ပလိုပရာနောဆေး သောက်ပြီးပြောချင်လို့ သမီးအလုပ်ကလဲစင်ပေါ်တတ်(တက်)ပြီးပြောမှရမှာဆိုတော့လေ 
ဒီဆေးက ဈေးလည်းမကြီးလို့ အတုမလာလောက်လို့တော့ ထင်တယ်။ ၂၀ မီလီဂရမ်နဲ့ ရနိုင်မယ်ထင်တယ်။ ဆေးက နှလုံးခုန် နှေးစေမယ်။ စင်ပေါ်တက်လို့ ရေးရတယ်။ တက် နဲ့ တတ် မှားရေးတာတွေ နေ့တိုင်းနေ့တိုင်း တွေ့ရတယ်။ ကျောင်းတွေမှာ ဘယ်လိုသင်ပေးနေသလဲ မသိ။
၃။ မင်္ဂလာပါဆရာ။ မေးကြည့်ချင်တာလေးရှိလို့ပါဆရာ။ ကျွန်မ အသက် ၂၈ နှစ်ပါဆရာ။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရင်တွေအရမ်းတုန်ပြီး မောလို့ဆိုပြီး ECG ဆွဲတယ်။ Echo ရိုက်တယ်။ Thyroid စစ်တာတွေ လုပ်ခဲ့ပေမဲ့ အကုန်ကောင်းတယ် ပြောပါတယ်ဆရာ။ အဲ့တုန်းက propranolol နဲ့ neurobion သောက်ခိုင်းပါတယ်ဆရာ။ သက်သာသွားပါတယ်။ နောက်ပိုင်း မသောက်ဘဲနေခဲ့ပါတယ်ဆရာ။ အခု အလုပ်က အသိပညာပေး ဟောပြောမှုတွေ လုပ်ရပါတယ်။ အဲ့လို လူရှေ့ထွက် စကားပြောရရင် ရင်တွေ အရမ်းတုန်ပါတယ်ဆရာ။ အဲ့တာနဲ့ ဟောပြောပွဲရှိရင် တနာရီလောက်ကြိုပြီး propranolol 20 သောက်ထားရင် စကားပြောရတာ အဆင်ပြေတော့ အခုတလော ခဏခဏလို သောက်ဖြစ်နေပါတယ်ဆရာ။ Propranolol ခဏခဏသောက်ရတာ အဆင်ပြေပါ့မလား ဘာလုပ်ရမလဲ သိချင်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။
လူတွေရှေ့ထွက်ပြီးစကားပြောရမှာကိုကြောက်နေသူ၊ စင်ပေါ်တက်ပြီးစကားပြောရမှာကို စိုးရိမ်လွန်းနေသူတွေရှိတယ်။ အမြင့်တက်ရမှာကြောက်တာ၊ စာမေးပွဲဂေဇက်ကြည့်ဘို့ စိုးရိမ်လွန်းနေတာလည်းပါတယ်။ Stage fright စင်ပေါ်တက်ရမှာကို ကြောက်တာ၊ Social phobia လူအများရှေ့ထွက်စကားပြောရမှာကိုကြောက်တာနဲ့  အစိုးရိမ်လွန်လို့ ခြေလက်တုံနေသူကို Propranolol 40 mg တခါတည်းဖြစ်ဖြစ်၊ တနေ့ ၂-၃ ကြိမ်ဖြစ်ဖြစ် ပေးပါတယ်။
Propranolol (ပရိုပရာနိုလော) ဆိုတဲ့ဆေးကို သွေးတိုး၊ လည်ပင်ကြီးဟော်မုန်းများခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ စိတ်ပူပန်ခြင်း၊ နှလုံးသွေးကြောကျဉ်း-ပိတ်ရောဂါ၊ နှလုံးခုံနှုန်းမြန်-မမှန်သည့်ရောဂါ၊ (မိုင်ဂရင်း) ရောဂါတွေအတွက် ပေးတယ်။
Inderal, Betabloc Forte, Betacap, Ciplar, Manprolol စတဲ့နာမည်တွေနဲ့ရောင်းတယ်။ (ဘီတာ-ဘလော့ကား) ဆေး ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ သွေးဖိအားကျ၊ နှလုံးခုန်နှေး၊ လက်ဖျားအေးစက်၊ အိပ်မပျော်၊ အားယုတ်၊ စိတ်ကျ၊ အန်-ပျို့၊ ဝမ်းချုပ်မယ်။ သွေးဖိအားနည်းနေသူတွေနဲ့ နှလုံးခုန်နှေးလွန်းသူတွေကို မပေးရပါ။
မကြောက်သင့်တာကိုကြောက်တဲ့ အကြောက်တရား ကင်းပါစေ။ ရှက်ကြောက်သင့်တာကို ရှက်ကြောက်ခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။
Propranolol Dose For Anxiety: Between 10mg per day to 40mg per day.
Metoprolol Dosage For Anxiety: Between 50mg per day to 100mg per day.
Coreg Dosage For Anxiety: Start with 3.125mg twice daily for 2 weeks, if tolerated well then increase to 6.25mg twice daily.
Acebutolol Dose For Anxiety: Between 200mg per day to 400mg per day.
Atenolol Dosage For Anxiety: Between 10mg per day to 40mg per day.
Bisoprolol Dosage For Anxiety: Between 5mg-10mg orally one to two hours before an anxiety-inducing event.
Nebivolol Dosage For Anxiety: Between 2.5mg per day to 10mg per day, as a single dose.
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ