We were waiting for you

ဒီပုံနဲ့အတူ စာရေးပြီးတင်ထားတာကို မကြာခဏ တွေ့တယ်။ စာရေးတာမှာ ပြင်စရာတွေ ပါနေတယ်။

(စ) အနောက်က ဆင်ထိန်းသခင်က ဆင်ကြီးကို သူ မတွန်းတင်နိုင်မှန်းသိတယ်။ တကယ်တော့ သူတွန်းတင်ဖို့ ကြိုးစားနေတာလဲ မဟုတ်ဘူး။ လက်ကလေးတင်ပြီး "မင်းဘာမှအားမငယ်နဲ့ မင်းနောက်မှာငါရှိတယ်" ဆိုပြီး အားပေးနေတာ။ လူတယောက်ကိုအားပေးဖို့၊ သူ့နဲ့အတူရပ်ဖို့က သူရင်ဆိုင်နေရတဲ့ပြသနာကို ဖြေရှင်းနိုင်စွမ်း ရှိမှမဟုတ်ဘူး "မင်းနဲ့အတူ ငါရှိတယ်" ဆိုတဲ့ ခံစားချက်လေး ဖန်တီးပေးနိုင်ရင်ပဲ လုံလောက်ပါပြီ။ (ဆုံး)

တကယ်တော့ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

လူတယောက် မှန်။ ကွန်ဂရက်ကျူလေးရှင်း။

အနောက်က မမှန်။ ဆင်က အရှေ့-အနောက်-တောင်-မြောက် ဘယ်အရပ်မျက်နှာကို လှည့်နေတယ်ဆိုတာ မသိ။ ဘယ်အရပ်မျက်နှာဘက်ကိုလှည့်လှည့် နောက်က ဆင်ထိန်းလို့ ရေးရမယ်။ ဆင်၏နောက်မှာ လူရှိ၏။ ဆင်၏ရှေ့မှာ ကားရှိ၏။

ကျန်းမာရေး မေးတာတွေမှာလည်း ရှေ့နဲ့ အရှေ့၊ နောက်နဲ့ အနောက် အတော်မှားရေးကြတယ်။

ပုံက ဆိုရှယ်မီဒီယာမှာ ၁၈-၁၂-၂၀၂၁ နေ့ကတည်းက ပြန့်နေပါတယ်။

Viral: The picture of the person carrying the elephant in the truck went viral, people are praising because of this. Amazing photo of a man carrying elephant in truck went viral on social media

December 18, 2021

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ