Worry စိုးရိမ်ရပါသလား

၁။ ဆရာရှင့် ကလေးက ၁နှစ်နဲ့၃လပါ အနီစက်သေးသေးလေးကနေ အရည်ကြည်ဖုလေးတွေဖြစ်လာပါတယ် ပေါက်သွားတော့လဲ ပျောက်သွားပြန်ရော ပြီးပြန်ပေါ်လာပါတယ် စိုးရိမ်ရလားရှင့် 
၂။ ကျမရဲ့စစ်ဆေးချက်အဖြေတွေပါဆရာ စိုးရိမ်ရပါသလားဆရာ
၃။ ဟုတ်ကဲ့ပါရှင် အရမ်းစိုးရိမ်ရပါလားရှင်
အဖြေရ အတော်ကို ခက်တဲ့မေးခွန်းဖြစ်ပါတယ်။ စိုးရိမ်ရသလားသာ မေးတာတိုင်းကို မဖြေပါ။ 
စိုးရိမ်စိတ်ဆိုတာ အတော်ကို မတူကြပါ။ ကလေးတယောက်တည်းကို အမေနဲ့ အဖေ စိုးရိမ်တာ မတူပါ။ 
တချို့က သေးသေးဖွဲဖွဲကို စိုးရိမ်စိတ်ကဲလွန်ကြတယ်။ 
တချို့က ကင်ဆာလိုရောဂါကို ဖေ့စ်ဘွတ်ကပြောတာနဲ့ ကျေနပ်ကြတယ်။ 
မစိုးရိမ်နဲ့ပြောတာနဲ့ ရောဂါမကာကွယ်နိုင်။ စိုးရိမ်ရတယ်ပြောလို့ ရောဂါမပျောက်။ 
ကလေးတယောက်နေမကောင်းတဲ့အခါ အမေနဲ့ မဖေ စိုးရိမ်ကြတာ မတူ။ ကျွန်တော်က မေးတဲ့သူရဲ့ စိတ်ခိုင်မာမှုကို မသိ။
တချို့က အဖြစ်သည်းတယ်။ တချို့က ကင်ဆာဖြစ်လည်း ဖေ့စ်ဘွတ်ဆေးနည်းကို ကျေနပ်နေတယ်။
အဲလိုမေးတာမျိုး နေ့တိုင်းလာတယ်။ ကုသနည်း မသိလိုကြသူတွေ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ