ဥမ္မာဒန္တီပျို့
စိတ်ကြိုက်မြန်မာစာ
မဟာမင်းလှမင်းခေါင်ကျော်
အခြေခံပညာအထက်တန်း
၁၉၈၅ ခု၊ နိုဝင်ဘာလ အုပ်ရေ ၁၀၀,၀၀၀
(၁၁)
တရံရောခါ၊ တနေ့မှာ၌၊ ဥစ္စာကြွယ်ဖြီး၊ သဌေးကြီးသည်၊ သ္မီးရတနာ၊ စောဥမ္မာကို၊ အိမ်ရာထောင်လောက်၊
အရွယ်ရောက်၍၊ ချင့်ထောက်မျှော်က၊ ငါးပါးစသည်၊ မိဘတို့ဝတ်၊ တရားမြတ်ဖြင့်၊ မချွတ်စေမှု၊ ခင်ပွန်းပြုဖို့၊ ကြည့်ရှုလတ်သော်၊ မျိုးဖော်ဆွေချင်း၊ မတော်လျင်းခဲ့၊ အဆင်းရောင်ညီး၊ ငါ့သ္မီးသည်၊ မင်းကြီးမှမူ၊ တပါးသူနှင့်၊ လူတွင်ဖြစ်သော်၊ ကြည့်ရှုမျှော်လည်း၊ မတော်သောအား၊ သူတပါးနှင့်၊ ထိမ်းမြားခြင်းငှာ၊ မထိုက်ရာဟု၊ မင်းမှာဆက်မည်၊ နှလုံးရည်လျက်၊ ကြံစည်ပြီးသော်၊ ရွှေနန်းတော်သို့ -(တစ်)ရံရောခါ၊ (တစ်)နေ့မှာ၌၊
(တစ်)ပါးသူနှင့်၊ သူ(တစ်)ပါးနှင့်၊ စသဖြင့် မရေးပါ။
မြန်မာစာသည်
ပင်ကိုယ်က လှ၏။ သတ်ပုံပြင်သော် အရုပ်ဆိုးသွားတော့၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment