မျှစ်နီ


တောင်တွင်းဒေသထွက် ဓာတုဆေးလွတ် သဘာဝမျှစ် ရေတပွက်ဆူပြုတ်ထားတဲ့မျှစ် တောင်တွင်းဒေသထွက် မယ်ညိုငရုတ်သီးစိမ်း တောင်တွင်းဒေသထွက် ပင်နံသီး နောက်တကြိမ်ထပ်မှာပြီး ရောင်းပါမယ်ရှင် ကြိုတင်မှာစေချင်ပါတယ် တပိသာ(တပိဿာ မှာပြီး နှစ်ပိသာယူသူတွေရှိတဲ့အတွက် ကိုယ်စားဖို့မကျန်လိုက်ပါဘူး

တင်ထာသူ သတ်ပုံလည်း မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ကျွန်တော်က မျှစ်နီနဲ့ ဝေးနေတာ ကြာပြီ။ အတော်ကိုကြာပြီ။ မင်းရွာနဲ့ မုံရွာမှာ ပေါတယ်။

ကျွန်တော့်အမေသည် ဈေးကနေ မျှစ်နီအချောင်းလေးတွေကို ဝယ်လာပြီး အနှစ်နှစ်အလအလ သုံးထားလို့ အလယ်မှာ ချိုင့်ခွက်နေပြီဖြစ်တဲ့ စဉ်းတိတုံး (စစ်နီတုံး) ပေါ်မှာ မျှစ်နီအချာင်းလေးတွေကို တချောင်းစီတင်၊ ဘော်လီအင်္ကျီမှာ တွယ်ထားလေ့ရှိတဲ့ ခပ်ကြီးကြီး ပင်ချိတ်တချောင်း အယူခိုင်းပြီးတော့ မျှစ်ချောင်းကို အမြှောင်းလေးတွေဖြစ်အောင် ခြစ်ပါတယ်။ ပြီးတော့ အနေတော် ဖြတ်။ သံဒယ်အိုးမှာ ပဲတမျိုးမျိုးနဲ့ ရောကြော်တယ်။ တခါတခါ မြေပဲဆံထောင်းပြီး မျှစ်သုပ်တယ်။ နှမ်းလှော်လည်း ပါတဲ့အခါမှာ ပါတယ်။ တခါတလေမှာ တခုခုနဲ့ရောပြီး အရည်စပ်စပ်လေး မျှစ်ချက်တယ်။ 

မျှစ်ပေါတဲ့ရာသီမှာ မျှစ်နီလေးတွေကို ဝယ်ထားပြီး မျှစ်ခြောက် လှန်းထားလေ့ရှိတယ်။ မိုးအေးအေးမှာ မျှစ်ခြောက်၊ ခရမ်းသီးခြောက်ချက် စားကောင်းတယ်။

မျှစ်နီစားရသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ