ပုစွန် + မန်ကျည်း

၁။ ပုစွန်မကျီးနုအိုးကပ်ချက်

မကျည်းလို့ ရေးရ။ ကျွန်တော်လို စာကို ခပ်ရှံရှံ အမြန်စာဖတ်သူအတွေက်တော့ ပုစွန်မ (အထီး မဟုတ်) လိုလို ထင်စေတယ်။ ပုစွန်နဲ့ မန်ကျည်းရွက်နုနု အိုးကပ်ချက်။

၂။ မကျည်းမျက်နှာသစ် အသားရောင်မညီတာတင်းတိပ် ဝက်ခြံအတွက်

မန်ကျည်းလို့ ရေးရတယ်။ မကျည်းလို့ရေးရင် မကျည်း (ဒေါ်ကျည်း) ရောင်းတဲ့ဆေးဖြစ်သွားပါမယ်။

၃။ မကျည်းဖျော်ရည် 

မန်ကျည်းဖျော်ရည်လို့ ရေးရတယ်။ မကျည်းလို့ရေးရင် မကျည်း (ဒေါ်ကျည်း) ရောင်းတဲ့ ဖျော်ရည်ဖြစ်သွားပါမယ်။

မန်ကျည်းကြက်ဆူ

မန်ကျည်းပနီပင်

မန်ကျည်းပင်

မန်ကျည်းရွက်

မန်ကျည်းသီး

(ပုစွန်) (ပုဇွန်) မူကွဲအဖြစ်သတ်မှတ်ရပါမယ်။ ဗုစွန်လို့လည်း အရင်ကရေးပါတယ်။ 

ပုစွန် (ဦးသာမြတ်သတ်ပုံကျမ်း)

ပုစွန် (မြန်မာစာအဖွဲ့ မြန်မာအဘိဓာန်)

ပုစွန် (ကဝိဓဇသတ်ပုံကျမ်း)

ပုဇွန် (ဂုဏ်ထူးဦးသိန်းနိုင်) 

ဗုဇွန်တုပ် (ကဝိလက္ခဏ သတ်ညွှန်း)

ပုစွန်

ပုစွန်ချဉ်

ပုစွန်ခြောက်

ပုစွန်စာပင်

ပုစွန်ဆိတ်

ပုစွန်တာရာ

ပုစွန်တုပ်

ပုစွန်လုံး

ပုဏ္ဏမာ

ဖုသျှငယ် ယုန်စန္ဒာနှင့်

မှုန်းပြာပြာ ဝဠာတွင်းမှာလ

ငွေပုစွန် တာရာလင်းတယ်

နှင်းမြူပိတ်ဖုံး။ (ဦးပြုံးချို ပြာသိုလဘွဲ့)

မြို့မငြိမ်းရေးတဲ့ ကသစ်ပန်းသီချင်း

နတ်စည်ငယ်လေ၊ ပုဇွန့်လက်ရိုး အာလမ္ဗရာ၊ ကျော်ဝန်းသံဝါ ဆော်ရွမ်းညံစာစာ၊ တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ၊ အုံ့မှိုင်းညိုပြာ၊ မိုးထက်ကဲဝဠာ ကိုးချက်နယ်မှာ၊ တိမ်ခိုးယှက် မိုးသက်လေးတွေဖြာ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ