ဆိမ့်ဆိမ့်လေးလို့ ရေးရ

၁။ ရွှေကန်စွန်းဥဆနွင်းမကင်း ချိုပြီးစိမ့်စိမ့်လေးနဲ့ အရမ်းစားကောင်းတယ်နော် (ဆိမ့်ဆိမ့်လေးလို့ ရေးရ)

၂။ ပုစွန်စိတ် မန်ကျီးသီးချက် (ပုစွန်ဆိတ်လို့ ရေးရ။ မန်ကျည်းလို့ ရေးရ။)

၃။ ပဲထောပတ်ကတော့ တော်တော်စိမ့်တယ်ဆရာ၊ (ဆိမ့်လို့ ရေးရ။)

၄။ အထပ်တစ်ရာနဲ့ ပေါ့ဆိပ် တဲ့။ (အမှား ၂ ခုပါတယ်။ ထပ်တရာ၊ ပေါ့ဆိမ့်)

၅။ ဆရာရှင့် အစားအစာမှာ အရသာကို ဆိမ့်တယ်လို့ မှတ်သားထားမိပါတယ် အခုတော်တော်များများလူတွေက စိမ့်တယ်လို့ ရေးနေကြပါတယ်။ နောက်ပြီး လူတွေက တချို့စာလုံးပေါင်းအမှားတွေကို တမင်ရေးရင်းနဲ့ အမှတ်မှားပြီး အမှန်ဖြစ်သွားမှာ စိုးရိမ်မိပါတယ်ဆရာ မြန်မာစာ စာလုံးပေါင်းနဲ့ ပတ်သက်လို့ တခုခုတွေ့မိရင် ဆရာ့ကို အရင် သတိရမိပါတယ်ရှင့်။ 

၆။ ရေးပေးပါဦးဆရာ ချိုစိမ့်တဲ့ စိမ့်နေအောင်ကောင်းတယ်တဲ့ဆရာ

ကြက်ဆိတ်သည်

ကွန်စိပ်ချ၍ ငါးဖမ်းသည်

ကူးတို့ဆိပ်

ခပ်မဆိတ်နေသည်

ချိုဆိမ့်

စပါး ခပ်စိပ်စိပ်ကြဲပါ

စိပ်ပုတီး

စိမ့်ကြီးမြိုင်ကြီး

စိမ့်စမ်း

စိမ့်ရေ

စိမ့်အေး

ဆိတ်ကွယ်ရာ

ဆိတ်ချို

ဆိတ်ငြိမ်ရာအရပ်

ဆိတ်ဆိတ်နေ

ဆိတ်တကောင်

ဆိတ်နို့မုန့်

ဆိတ်ဖလူးပန်း

ဆိတ်ဖွား

ဆိတ်ဖူးပင်

ဆိတ်ဖဲ့သည်

ဆိတ်သို

ဆိတ်သုဉ်း

ဆိပ်ကမ်း

ဆိပ်ခံသမ္ဗန်

ဆိပ်ဖလူးပင်

ဆိပ်ဖူးပင်

ဆိမ့်သောအရသာ

ဆိမ့်အိမ့်

ညံဆိတ်ဆိတ်

တံဆိပ်ခေါင်း

တဆိတ်ကျေးဇူးပြုပါ

တဆိတ်စာ

တဆိတ်တပေါက်

တဖျောက်ဆိတ်ဆိတ်

တိတ်ဆိတ်သောည

တိတ်တဆိတ်

တို့ဆိတ်သည်

ထိုးဆိတ်

နှုတ်ဆိတ်

ပရွက်ဆိတ်

ပုစွန်ဆိတ်

ပုစွန်ဆိတ် (ဗုဇွန်ဆိတ် ယခင်အသုံး)

ပုတီးစိပ်ပါ

ပဲကလေးက ဆိမ့် လိုက်တာ၊ ပြောစရာရှိဘူး

ဖျောက်ဆိပ်ကြယ်

ဗုဇွန်ဆိတ် (ယခင်အသုံး)

ဘွဲ့တံဆိပ်

မစိပ်မကျဲ

မြစ်ဆိပ်

မြွေဆိပ်

မြေပဲဆံ၏ အရသာသည် ဆိမ့်၏။

မြေပဲဆီပုလင်းက ဆီစိမ့်ယိုနေသည်။

မုတ်ဆိတ်

ရွှေတံဆိပ်ဆုရ

ရှုစိမ့်သည်

ရေချိုးဆိပ်

ရေစိမ့်

ရေဆိပ်

လက်နှင့်ဆိတ်

လက်သည်းဆိတ် လက်ထိပ်နာ

လှည်းဆိပ်

လှေဆိပ်

လုပ်စိမ့်မည်

လုပ်စိမ့်မည်

လူသံတိတ်ဆိတ်

သင်္ဘောဆိပ်

အဆိပ်

အဆိပ်အတောက်

အရွက်စိပ်စိပ်

အီဆိမ့်

နန်းမတော်မယ်နုရှေ့မှာ လူဦးမင်းနှင့် ဖိုးသူတော်ဦးမင်းတို့ဆုံကြပါသတဲ့။ လူဦးမင်းက ပဲကလေးက ဆိမ့် လိုက်တာ၊ ပြောစရာရှိဘူးလို့  ရွတ်ဆိုတဲ့အခါ ဖိုးသူတော်ဦးမင်းက ညအခါ၊ လသာသာကိုယ်တော်သုံးတယ်၊ လေပုန်းကမြူးလို့ ဆက်ဆိုပါတယ်။ 

မြေပဲဆံ၏ အရသာသည် ဆိမ့်၏။ မြေပဲဆီပုလင်းက ဆီစိမ့်ယိုနေသည်။

မနာလို မရှုဆိတ်သည့်လို့ ရေးထာတာတခုတွေ့တယ်။ မြန်မာစာအဖွဲ့ထုတ် ၁၉၉၁ မြန်မာအဘိဓာန်မှာလည်း ရှုဆိတ်လို့ ပါတယ်။ ကျွန်တော်ကတော့ ငယ်ကတည်းက မနာလိုမရှုစိမ့်လို့ နားလည်တယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ ရှုစိပ်ပါသနည်း။ ရှုစိမ့်သည်။

ဘုရားသခင်က လူ့သူများအား အသံမပြတ်တိတ်ဆိတ်စွာရှုစိမ့်နေစဉ်တွင် တပါးအမျိုးသားများကလည်း ဘုရားသခင်၏လူများအားတိုက်ခိုက်လု ယက်ကြမည်။ (ဟေရှာယအနာဂတ္တိကျမ်း ၁၈)

စိမ့်ကြီးမြိုင်ကြီး - ကိုအံ့ကြီး https://www.youtube.com/watch?v=AorbWJQKyNg

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ