တနေ့တော့ တယောက်နှင့်တယောက် လန်ချားတစီးနှင့် လူစိမ်းတယောက်


သွေးသောက် အယ်ဒီတာ အမှာ

၁၉၄၇ ခုနှစ်။

ရှုမဝမဂ္ဂဇင်းထွက်စအချိန်တွင် ကျွန်တော်တို့သည် နေ့စဉ်လိုလိုပင် စကော့ဈေး အနောက်ဖက်တန်းရှိ ရှုမဝတိုက်သို့ ရောက်တတ်ကြသည်။ လူသွားစင်္ကြန်ပေါ်တွင်ချထားသော ရှုမဝဦးကျော်၏စားပွဲကို ဝိုင်း၍ ထိုင်ကာ ဦးကျော်ဧည့်ခံသော လဖက်ရည်နှင့် မုံ့များကို သုံးဆောင်ကြရင်း စာပေနယ်က ဟိုအကြောင်း သည်အကြောင်းများကို တယောက်နှင့်တယောက် ရောက်တတ်ရာရာ ပြောဆိုကြ၏။

တနေ့တော့ ကျွန်တော်သာည် လန်ချားတစီးနှင့် ရှုမဝသို့ လေပန်းရန် သွားသောအခါ ရှုမဝဦးကျော်၏ စားပွဲတွင် မင်းသားကလေးလို လှသော ဦးကျော်အစား မျက်နှာရှည်ရှည် ဖရန်ကင်စတိန်းနှင့် ဆင်ဆင်တူသော လူစိမ်းတယောက် ထိုင်နေသည်။

(သွေးသောက်မဂ္ဂဇင်း၊ ၁၉၆၂ ခု ဇွန်လ)

ငွေဥဒေါင်း စာဝင်္ဂဘာ (ကိုယ်တွေ့ စာပေလောက)

စာအုပ်အမည် - စာဝင်္ဂဘာ

စာရေးသူ အမည် - ငွေဥဒေါင်း

ထုတ်ဝေသည့် ခုနှစ် - ၁၉၆၃

ဒေါက်တာတင့်ဆွေ

Comments