မေမြို့မိုး

ရေး - စိုင်းခမ်းလိတ်

ဆို - စိုင်းထီးဆိုင်

ရွာမလိုလို လာမလိုလိုနဲ့

လေယူရာပါသွားတဲ့ မိုးတိမ်လို

မြင်သာမြင် မကြင်ရတဲ့မေတ္တာ

မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ

မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ

သူမချစ်တာကို သူမချစ်တာကို

ဘယ်လိုမှ အပြစ်ပြောဖို့မရှိပြီ

ဟိုအရင် တခါက ရေစိုထမီနဲ့

မိုးရေမှာလှပခဲ့ဖူးတာ ပြန်မြင်ယောင်လည်း

ရင်နာရုံကလွဲပြီးတော့ ဘာမှ မတက်နိုင်ဘူး

ခွင့်လွှတ်လိုက်ရပြီ စွန့်လွှတ်လိုက်ရပြီ

လက်လျှော့လိုက်ရပြီ

အိုး မေမြို့မိုး အစိုးမရတော့ပြီ

အိုး မေမြို့မိုး ကိုးမရတော့ပြီ

အိုး အိုး အိုး အိုး

မေမြို့မိုး မေမြို့မိုး

ပြန်ကြုံရင် ရင်ခုန်နေဆဲ

ဖွေသာဖွေ အဖြေမရှိတဲ့ ပုစ္ဆာလို

မှန်သာမှန် ပန်မပေးရ သစ္စာ

မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ

မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ

သူပစ်ခွာလို့ သူပစ်ခွာလို့

အခြေအနေတွေ တမျိုးပြောင်းလဲခဲ့ပြီ

ဒီလိုအချိန်မှာ လူမြင်မခံတဲ့

မျက်ရည်တွေ တိတ်တခိုးလေးကျလေ

ရင်နာတာကို မနာလိုနေပြတဲ့ ကြားတဲ့

ဘာမှ မတတ်နိုင်ဘူး

ယောက်ျားလည်း အသည်းနဲ့

ယောက်ျားလည်း အလွမ်းနဲ့

ယောက်ျားလည်း အဆွေးနဲ့

အိုး မေမြို့မိုး အစိုးမရတော့ပြီ

အိုး မေမြို့မိုး ကိုးမရတော့ပြီ

အိုး အိုး အိုး အိုး

မေမြို့မိုး မေမြို့မိုး

တခါတလေလည်း ပြန်မျှော်နေမိ

ဆန္ဒတွေရှိလွန်းလို့ မဟုတ်ပါလေ

မပြင်နိုင်တဲ့ အကျင့်ဟောင်း တခုသဘောပါ

မေမြို့မှာ မိုးပြန်ရွာဦးမလား

မေမြို့မှာ မိုးပြန်ရွာဦးမလား

ဘယ်သူပြောနိုင်မလဲ ဘယ်သူပြောနိုင်မလဲ

အချိန်ဆိုတာ အကောင်းဆုံးမေ့ဆေးပါ

ဂစ်တာအိုတောင်ပျိုရွယ်နေဆဲ

တေးသံနဲ့ သီချင်းသစ်ဖြစ်သေးရင်

အကြင်နာဆိုတာ ဒီတယောက်နဲ့ပဲ ပြီးသင့်သလား

ငါနဲ့ ငါ့အနာဟောင်းနဲ့

အချစ်တခု ဖြစ်ရော့သလား

ဘဝတခု ဖြစ်ရော့လား

စဉ်းစားကြည့်စမ်းပါ

အိုး မေမြို့မိုး အစိုးမရတော့ပြီ

အိုး မေမြို့မိုး ကိုးမရတော့ပြီ

အိုး အိုး အိုး အိုး

မေမြို့မိုး မေမြို့မိုး

https://www.facebook.com/watch/?v=1216700372007233

သီချင်းစာသား တင်ထားတာတွေမှာ တ နဲ့ တစ် သာမက၊ ဘာမှ(မတတ်)နိုင်ဘူးလို့ပါ မှားနေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ