ဆိမ့်ဆိမ့်လေးလို့ ရေးရ

အရသာစိမ့်စိမ့်လေးနဲ့ ကောက်ညှင်းပဲလိတ်

အရသာ ဆိမ့်ဆိမ့်လေးလို့ ရေးရ။ ဆိမ့်သော အရသာ။ ယိုစိမ့်ကျနေသည်။

စိမ့်

"တနေ့ငါ့အကြောင်းသိစိမ့်မည်။"

ဒီဝါကျမှာ စိမ့် ဟာ အနာဂတ်ကိုညွှန်းကြောင်း ထင်ရှားပါတယ်။

"မင်းသားလည်း စိုးရိမ်တော်မမူနှင့်၊ အလိုတော်အတိုင်းပြီးစိမ့်မည်ဟူ၍ လျှောက်၏။"

ဒီစာသားက မှန်နန်းရာဇဝင်ထဲမှာ ဘုရင်မင်းခေါင်အကြောင်း ရေးသားထားတဲ့စာကြောင်းတွေထဲက ဖြစ်ပါတယ်။ ဘုရင်မင်းခေါင် ငယ်စဉ်ကျောင်းသားဘဝမှာ အိပ်မက်မက်တော့ ဆရာတော်က မင်းဖြစ်လိမ့်မယ်လို့ နိမိတ်ဖတ်ပြီး သူ့ကိုမင်းဆရာအဖြစ်တင်မြှောက်ဖို့ မမေ့မလျော့အောင် ခြေထောက်နဲ့ကန်ကျောက်သတိပေးတဲ့အတွက် မင်းသားကပြန်လျှောက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း စိမ့် ဟာ အနာဂတ်ကိုပဲ ညွှန်းကြောင်းသိသာပါတယ်။ (ဘီဘီစီမြန်မာပိုင်)

စိမ့် = အရည်၊ အအေးဓာတ် တဖြည်းဖြည်းထွက်သည်၊ ဝင်သည်။

မိုးရေသည် မြေဆီလွှာအတွင်းသို့ စိမ့်ဝင်သွားသဖြင့်။ လုထုသိပ္ပံ၊ ၄။ ၆၅။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ