အပုံတရာပုံ တပုံ Get link Facebook X Pinterest Email Other Apps - July 31, 2022 ဓနရှင်တယောက်တကယ်လို့အပုံတရာပုံ တပုံတဦးမက များလှစွာသော(ပါရဂူ - ရာဟုလာသံကိစ္စည်း၏ နှစ်ဆယ့်နှစ်ရာစု)ပုံအတွက် ကျေးဇူး။ဒေါက်တာတင့်ဆွေ Get link Facebook X Pinterest Email Other Apps Comments
Allergic skin အရေပြား အလာဂျီ - August 20, 2021 ရေးထာတာ ၇ နှစ်တိတိရှိပြီ။ သြဂုတ်လကို အယားပေါ်တဲ့ရာသီလို့ခေါ်နိုင်တယ်။ ၁။ ဆရာ ကျွန်တော့်ကိုယ်နေရာအနှံ့မှာ ဘုသေးသေးလေးတွေထွက်လာပါတယ်။ လက်တွေ ခြေထောက်တွေ ပေါင်တွေ ကျောကုန်းတွေမှာရောပဲ ဆရာ။ အစုလိုက်ရော တလုံးချင်းရော။ ဘာဖြစ်မှန်းမသိဘူးဆရာ။ ဘုလေးတွေကယားတယ်။ သောက်ဆေး လိမ်းဆေးလေး ညွှန်ကြားပေးပါအုန်း ဆရာ။ ၂။ သမီး လက်နဲ့ခြေထောက်တွေမှာ အနီအဖုသေးလေးတွေထွက်လာတယ်။ အရေခွံလေးတွေက ပုံထဲမှာလိုပဲ ခြောက်သွားတယ်။ အရေခွံလေးတွေခြောက်လို့ လက်သည်းနဲ့ခြစ်လိုက်ရင် ဗောက်လိုပဲ အရေခွံလေးတွေ ပါလာတယ်။ ဒါပေမယ့်ပုံထဲကလို အရေပြားမှာအဖြူစက်ကလေးတွေကျန်နေတယ်ဆရာ။ သမီးလည်း အစကမနာတော့ သတိမထားမိဘူးဆရာ။ သတိထားမိတော့မှခြေထောက် လက်တွေမှာ ဆက်တိုက် ပေါက်နေတယ်။ အခုထိပဲဆရာ။ လိုအပ်တာကိုညွှန်ကြားပေးပါဦးဆရာ။ ၃။ ဆရာ Allergy အကြောင်းတင်တာနဲ ့သမီး ဖြစ်နေတာလေးပြောပါရစေ။ သမီးအသက် ၄၆ နှစ်ပါ။ လွန်ခဲ့တဲ့ ၅နှစ်ခန့်က အသားတွေယားလို ့သွေးစစ်ဘူးပါတယ်။ အထွေထွေအထူးကုသမားတော်နဲ့ပါ။ သွေးထဲမှာ Allergy ဖြစ်တဲ့သွေးပါတယ် ပြောပါတယ်။ အဲတုန်းကတဲ ကနေ CETRINE ဆေးကို တနေ့တလုံး သောက်လာတာ ၅နှစ်ခန် ့ရှိပါပြီ။ မသောက်ရင် အသားတွေယားလာတာပဲဆရာ။ အဲဒါ အဲဒီဆေးဆက်... Read more
Daflon 500 mg လိပ်ခေါင်းဆေး - July 25, 2021 (ကန်တော့) ၁။ မင်္ဂလာပါဆရာ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာကြာပြီခင်ဗျ ဝမ်းသွားလျှင်သွေးပန်းထွက်နေလို့ပါဆရာ deflon 500mg စွဲသောက်ရင်အန္တာရာယ်ရှိတတ်လားခင်ဗျ အခြားဘာဆေးတွေသောက်ဖို့လိုလဲဆရာကျေးဇူးပြု ပြီးဖြေကြားပေးပါ ၂။ မင်္ဂလာပါ ဆရာ ဆရာ့ကို ရိုသေစွာမေးချင်တာလေးရှိလို့်ပါဆရာ သမီးယောင်းမက ကိုယ်ဝန် လေးလကျော်ရှိပါပြီဆရာ အခုဝမ်းချုပ်တော့ သွေးပါတယ်ဆရာ အဲ့ဒါ surgeon နဲ့ပြတယ် Daflon လိပ်ခေါင်းဆေးရယ် သွေးတိတ်ဆေးရယ် ပေးလိုက်ပါတယ် သူကိုယ်ဝန်ရှိတဲ့အကြောင်းကိုလဲ ပြောထားပါတယ်ဆရာ လိပ်ခေါင်းဆေး Daflon သောက်ရင် ကိုယ်ဝန် ဆိုးကျိုးရှိလားသိချင်လို့ပါဆရာ (လူနာ အသက် မသိ။) Daflon 500 mg ဆေးကို vasoprotector venotonic agent လို့ခေါ်တယ်။ 90% diosmin နဲ့ 10% flavonoids expressed as hesperidin ဆေးတွေပါတယ်။ ကိုယ်ဝန်ရှိနေသူသောက်ရင် အချင်းလမ်းကြောင်းကနေ ဆေးဖြတ်သွားတာ အလွန်နည်းတယ်။ နို့ရည်ထဲရောက်နိုင်တာလည်း အလွန်နည်းတယ်။ လူနာပေါင်း ၂၈၅၀ ယောက်ကို Daflon 500 mg ဆေး တနေ့မှာ ၂ ပြား ၆ ပတ်ကနေ ၁ နှစ်ကြာပေး လေ့လာထားတာ။ Hemorrhoids (Piles) ခေါ် လိပ်ခေါင်းဆိုတာ စအိုနဲ့ အစာဟောင်းအိမ်အောက်ပိုင်းမှာ သွေးပြန်... Read more
Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ - May 11, 2021 (ကန်တော့) ဆရာ အသက်က ၂၈ နှစ်ပါ လိပ်ခေါင်းရောဂါက ခွဲစိတ်မှု ပြုလုပ်မှ ပျောက်မှာလားဆရာ ဘယ်လို လုပ်ရင်ပျောက်နိူင်ပါလဲ ဆရာ ဘာဆေးသောက်ရင် ပျောက်နိူင်ပါလဲ ဆေးလေး ညွှန်းကြားပေးပါဦးရှင့် လိပ်ခေါင်းရောဂါကနေ ဝမ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ဝမ်းမချုပ်စေတဲ့ အစားအစာစားပါ။ ရေများများသောက်ပါ။ အဆင်မသင့်ရင် လိပ်ခေါင်းမှာသွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်းသွေးကြောပိတ်နေတာကိုခွဲရမယ်။ စိုးရိမ်စရာမလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။ ထွက်နေတဲ့လိပ်ခေါင်းက ပြန်မဝင်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာထွက်နေတဲ့ လိပ်ခေါင်းကရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို ဆားခါးမှုံ့ကိုအဆီ (ပါရာဖင်ဆီ) တခုခုဆွတ်ထားတဲ့ ပတ္ထီး၊ အဝတ်စမှာတင်ပြီးလိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။ ဝမ်းသွားတဲ့အခါ နာတာ။ ဝမ်းပျော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေကအကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးပတီးသီး၊ မုံလာ ဖြူ-နီ-စ... Read more
Comments
Post a Comment