ဆရာဝန်ကို မမေးပါ
နနွင်းနဲ့ သံလွင်ဆီ သောက်မလို့ သောက်တဲ့သူများ ဘယ်လောက်သောက်ရတယ် တစ်နေ့(တနေ့)ဘယ်နှစ်ကြိမ်သောက်ရတယ် ထမင်းမစားခင်(သို့) စားပြီး ညွှန်ကြားပြသပေးပါ (ကင်ဆာပိုင်ရှင်နှင့် မိတ်ဆွေကောင်းများTSM)
ကလေး-လူကြီး-အသက်-ကျား-မ-ကင်ဆာ မသိပါ။
နနွင်းမှုန့်က မီးဖိုမှာသုံးတယ်။ ကောင်းပါတယ်။ အရောင်လှစေတယ်။
သံလွင်ဆီလည်း ဆီတွေထဲမှာတော့ အရည်အသွေး ကောင်းတယ်။
အစားအသောက်ဆိုတာ ဆာရင် စားသောက်လို့ရတယ်။ တနေ့ ၂ နပ်ကနေ ၄ နပ်စားကြတယ်။
ကင်ဆာဖြစ်ရင်တော့ ကင်ဆာအထူးကုဆရာဝန်ကိုသာ ပြသပြီး ကုသမှုခံယူရပါမယ်။
နနွင်းနဲ့ သံလွင်ဆီ ရောင်းသူ၊ ပွဲစားနဲ့ ကုန်သည်တွေကတော့ များများသောက်ပါလို့ ဖြေကြလိမ့်မယ်။ မြန်မာပြည်မှာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment