ရေစကားပုံများ

ရေကျက်အေး

ရေကျိုငါးပိ

ရေခပ်ပါ

ရေခအုံးပင်

ရေခဲခြစ်

ရေချင်းယားပင်

ရေချမ်းစင်

ရေချိုး

ရေငန်

ရေငုပ်

ရေစင်းစင်းသေ

ရေစိမ်း

ရေစီးကမ်းပြိုနာ

ရေစုန်ရေဆန်

ရေဆွတ်

ရေညှိ

ရေတံခွန်

ရေတံလျှောက်

ရေတကောင်း

ရေဒီယို

ရေနံချေး

ရေပုံး

ရေပန်းစား

ရေဖတ်တိုက်

ရေဖိတ်စပါး

ရေဖျန်း

ရေဖျဉ်းနာ

ရေကြက်

ရေကြည်ရာ မြက်နုရာ။

ရေမာကျီ

ရေမျိုချပါ

ရေမှုတ်

ရေမှုန်

ရေယက်

ရေယဉ်ကြော

ရေယုန်နာ

ရေခြား မြေခြား။

ရေပြင်ညီ

ရေပြန် (ကျင်ငယ်၊ ဆီး၊ သေး)

ရေမြုပ်ပင်

ရေမြှုပ်

ရေရွတ်

ရေလုံပြုတ်

ရေလက်ကြား

ရေလည်

ရေလာမြောင်းပေး

ရေလိုအေးလို့ ပန်းလိုမွှေးပါစေ။

ရေလဲ

ရေဝတီနက္ခတ်

ရေဝပ်

ရေသကျည်းပင်

ရေသပ္ပာယ်

ရေသဖန်းပင်

ရေသရဲ (ရေဘဝဲ)

ရေသွန်

ရေသီလံငှက်ပျော

ရေသနုပ်

ရေမြွှာ

ရေအဆုံး ကုန်းတဝက်။

ရေအနည်

ရေအလျဉ်

ရေအီနေသည်

ရေကျောက်ရောဂါ

ရေညှောင့်ကောင်ငှက်

ရေကြော

ရေမျောကမ်းတင်

ရေဝေကြော

ရေသောက်မြစ်

ရေနွေးဖြော

ဝါဆိုဝါခေါင် ရေဖောင်ဖောင်မှာ ရေသာများ၍ ငါးမတွေ့ကြပါ။ မီးများစဉ်က မီးနိုင်ခဲ့ပြီး၊ ရေများပေမယ့် ရေမနိုင်သေး။ မီးစတဖက် ရေမှုတ်တဖက်တွေ များနေသေးတယ်။ သောင်မတင် ရေမကျအဆင့်သာရှိသေးတယ်။ ရေမနောက် ကြာမလျှောက်လို့ အောက်မေ့ကြပါ။ မိုးရွာတုန်း ရေခံကြပါ။ အချိန်နှင့် ဒီရေဟာ လူကိုမစောင့်ပါ။ တဦးနဲ့တဦး ကုန်းပေါ်ရောက်မှ ရေမမွန်းစေနဲ့။ ရေတိမ်နစ်တဲ့ဘဝတွေ အမျှဝေ။ ရေကိုခြားသော် အကြားမထင် ချစ်ခင်ကြစေ။ ရေလိုအေး ပန်းလိုမွှေးကြစေ။ စီးတဲ့ရေ ဆယ်တဲ့ကန်သင်း စည်းကမ်းရှိကြလေ။

ကျွန်တော်တို့ငယ်ငယ်က ဆီကိုရေချိုး ဆေးရိုးမီးလှုံခေတ်ကို နည်းနည်းလေးတော့ ကြုံခဲ့တယ်။ နောက်တော့ ရေကြည်ရာ အရပ်ကနေခွါ၊ မြက်နုရာအရပ်တွေ ရှာနေရတာ၊ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်လိုတော့ ကံမကောင်းပါ။ ဖောင်စီးရင်း ရေငတ်တဲ့အခါတွေ ရှိခဲ့တယ်။ သဲထဲရေသွန်တော မဖြစ်ပါ။ ခဲလေသမျှ သဲရေကျမဖြစ်ပါ။ ရေစီးတခါ ရေသာအလှည့် မကျနိုင်ပါ။

ရေကိုခြားသော် အကြားမထင်၊ ရေကိုတားသော် ရအံ့ထင်၊ ပိန်းကြာဖက်တွင် ရေမတင်၊ နောက်တိုးရေ အကုန်အစင်၊ ပြည်သူပြည်သားတွေ ပိန်းကြာဖက်တွင် ရေမတင် ရောဂါဘယတွေ ကင်းစင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

၁-၈-၂၀၂၀

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ