အလွမ်းနွေကို စမ်းရေထဲမှာ မျှောလိုက်မည်

(စန္ဒယားချစ်ဆွေ)

ချစ်ကြမ္မာအကျိုးပေးက ဆိုးလှပါသည်

ပျော်စရာတွေးလည်း အဖော်ကွာဝေးဆဲ

မျှော်ကာငေးမြဲ ငေးမိပါသည်

ဝေး ဝေး ပြေးသွား သက်ထားဒါလီ

မဖြေသာအတွေးဆိုး

ဝေဒနာ တရေးနိုးနေပြီ

အဆွေးမိုးက ရင်ထဲမှာ ရွာပြီ

အလွမ်းနွေကို စမ်းရေထဲမျှောလိုက်မည်

ချစ်ကြမ္မာအကျိုးပေးက ဆိုးလှပါသည်

ပျော်စရာတွေးလည်း အဖော်ကွာဝေးဆဲ

မျှော်ကာငေးမြဲ ငေးမိပါပြီ

ဝေး ဝေး ပြေးသွား သက်ထားဒါလီ

မဖြေသာအတွေးဆိုး

ဝေဒနာ တရေးနိုးနေပြီ

အဆွေးမိုးက ရင်ထဲရွာ ရွာပြီ

နွေရောက်သော်လည်း ပိတောက်ကမပွင့်လေပြီ

မိုးရောက်ပြန်လည်း နေကပူသည်

ဆောင်းရောက်သော်လည်း နှင်းပျောက်လေပြီ

အတိတ်ခြေရာ စိတ်ဝေဒနာ

ကြိတ်မဖြေသာပြီ      

သက်ထားရေ မုန်းသွားမထောက်ညှာ

အမျက်မပွားပေ အရှုံးသမားတယောက်မှာ

နှလုံးသားကမ်းက အလွမ်းဖြေ အပန်းဖြေမည်

အလွမ်းနွေကို စမ်းရေထဲမှာမျှောလိုက်မည်

အလွမ်းနွေကို စမ်းရေထဲမှာမျှောလိုက်မည်

အလွမ်းနွေကို စမ်းရေထဲမျှောလိုက်မည်

ချစ်ကြမ္မာအကျိုးပေးက ဆိုးလှပါသည်

ပျော်စရာတွေးလည်း အဖော်ကွာဝေးဆဲ

မျှော်ကာငေးမြဲ ငေးမိပါပြီ

ဝေး ဝေး ပြေးသွား သက်ထားဒါလီ

မဖြေသာအတွေးဆိုး

ဝေဒနာ တရေးနိုးနေပြီ

အဆွေးမိုးက ရင်ထဲမှာ ရွာပြီ

နွေရောက်သော်လည်း ပိတောက်ကမပွင့်လေပြီ

မိုးရောက်ပြန်လည်း နေကပူသည်

ဆောင်းရောက်သော်လည်း နှင်းပျောက်လေပြီ

အတိတ်ခြေရာ စိတ်ဝေဒနာ

ကြိတ်မဖြေသာပြီ        

သက်ထားရေ မုန်းသွားမထောက်ညှာ

အမျက်မပွားပေ အရှုံးသမားတယောက်မှာ

နှလုံးသားကမ်းက အလွမ်းဖြေ အပန်းဖြေမည်

အလွမ်းနွေကို စမ်းရေထဲမှာမျှောလိုက်မည်

အလွမ်းနွေကို စမ်းရေထဲမှာမျှောလိုက်မည် 

ခင်ညွန့်ရည် - အလွမ်းနွေကိုစမ်းရေထဲမှာမျှောလိုက်မည် https://www  facebook  com/watch?v=567297525031151

သီချင်းစာသား ပြန်ရေးတာတွေ မှန်တာ မတွေ့သေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ