Cancer Foods ခဏခဏတင်ရသော်လည်း လူကြိုက်မများ လူဖတ်နည်း လိုနာသူရှားသောစာ
၂။ သားအိမ်ကင်စာ (ကင်ဆာ) သမား မွေးမြူရေးမှိုစားလို့ရလား ဆောင်ရန်ရှောင်ရန်ဘေးများသိသူပြောပြပါ အမေပါ အသက် ၅၇နှစ်ပါ
၃။ အသဲကင်ဆာ အဆင့် ၁ လူနာ ကင်ဆာဆေး တစ်နေ့(တနေ့)နှစ်လုံး သောက်ရတာ တခြားတော့ ဘာမှ မဖြစ်ဘူးရယ် လူနာက စကားပြောရင် အသံမထွက်တော့လို့ အသံဝင်သလို လေသံလေးနဲ့ အားယူပြောနေရတာ ငါးရက်လောက်ရှိလို့ အသံပြန်ထွက်အောင် ဘာတွေ ကျွေးသင့်လဲရှင့်။ - ဆေးအိုးပုပ်ပင် ရအောင် ရှာဝယ်ကျွေးပါဗျ (မဟုတ်ပါ) (မမှန်ပါ)
၄။ ကင်ဆာသမားတွေ ဂဏန်းနဲ့မတည့်ဘူးနော် သတိထားလို့ရအောင်လို့ သွယ်မနေ့ကစားလိုက်တာ ညလဲမအိပ်ရဘူး မနက်ကြတော့ အသက်ရှူလို့မကောင်းဘူး လက်တွေကိုက်လာတယ် (မဟုတ်ပါ) (မမှန်ပါ)
၅။ ကင်ဆာသမားတေက တွင်းအောင်းသတ္တဝါသားစားလိုမရဘူးလိုကြားဘူးပါတယ် (မဟုတ်ပါ) (မမှန်ပါ)
၆။ လယ်ဂဏန်းနဲ့ပေါက်ပန်းဖြူနဲ့ချက်စားရင်ကင်ဆာသက်သာတယ်လို့ဖတ်ဖူးတယ်စားလဲစားဖူးတယ် (မဟုတ်ပါ) (မမှန်ပါ)
ကျွန်တော့ကို မေးတာ မဟုတ်။ ကင်ဆာအထူးကုဆရာဝန်တွေကိုမေးတာလည်း မဟုတ်၊ ဖြေချင်သူဖြေပါသဘော မေးနေကြတယ်။ ဘာကင်ဆာ ဘယ်အစားအစာနဲ့ တည့်ပါသလား မေးတာတွေ နေ့တိုင်းလိုလိုဖတ်ရတယ်။ ကင်ဆာမှန်သမျှ စောစောသိပြီး စနနစ်တကျကုသရမယ်။ အစာနဲ့ မပျောက်။ အားဆေးနဲ့ မပျောက်။ ဖြည့်စွက်စာနဲ့ မပျောက်ပါ။
- ကင်ဆာဆိုတာ စောစောသိရမယ်။ သိတာနဲ့ စနစ်တကျ ကုသရမယ်။ ပြန်ပြရမဲ့အချိန်မှာ ပြန်ပြရမယ်။
- ကင်ဆာအတွက် ဖြည့်စွက်စာ အားမပေးပါ။ လမ်းလွဲရောက်စေနိုင်တယ်။
- ဖြည့်စွက်စာဆိုတာ ကလေးတွေအတွက်သာ အဓိကလိုတယ်။
- ကင်ဆာလူနာတွေ အစာလမ်းမှာဖြစ်လို့ ကုသပေးနေတဲ့ဆရာဝန်က ရှောင်ခိုင်းတာကလွဲရင် ကိုယ်တသက်လုံး စားလာတာ အကုန်စားသောက်နိုင်တယ်။
- လူဆိုတာ အစုံစားသတ္တဝါဖြစ်တယ်။ ထမင်း၊ အသား၊ ငါး၊ ဥ၊ ပဲ၊ အသီး၊ ဟင်းသီးဟင်းရွက်၊ စုံအောင်စားကြရတယ်။
- အချို၊ အချဉ်၊ အငန်၊ အခါး၊ အဖန်၊ အစပ် စားနိုင်တာကို စုံအောင်စားကြရတယ်။
- အစားအစာဆိုတာ လတ်ဆတ် သန့်ရှင်းရတယ်။
- လူပြောများတိုင်း ကြော်ငြာကောင်းတိုင်း ကောင်းချင်မှ ကောင်းမယ်။ ဗူးခွံလှတာကို မကြည့်ပါနဲ့။
- သွေးတိုးပါရှိနေရင် အငန် မသင့်။
- ဆီးချိုပါရှိနေရင် အချို မတည့်။
- ကိုလက်စထောများသူ အဆီ မသင့်။
1. Allergy Triggers အလာဂျီရစေတတ်တဲ့ အကြောင်းတရားများ https://dr-tint-swe.blogspot.com/2021/08/allergies.html
2. Cancer and Sugar Myth ကင်ဆာ နှင့် သကြား အထင်မှား https://dr-tint-swe.blogspot.com/2021/06/cancer-and-sugar.html
3. Cancer Foods ကင်ဆာအတွက် အစားအစာ https://dr-tint-swe.blogspot.com/2022/04/cancer-foods.html
4. Cancer-Fighting Foods ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ https://dr-tint-swe.blogspot.com/2021/04/cancer-fighting-foods.html
5. Liver cancer အသည်းကင်ဆာ https://dr-tint-swe.blogspot.com/2021/05/liver-cancer.html
6. Liver cancer အသည်းကင်ဆာ ကာကွယ်နည်း https://dr-tint-swe.blogspot.com/2021/06/liver-cancer.html
7. ဖြည့်စွက်စာ အားမပေးပါ https://dr-tint-swe.blogspot.com/2022/01/blog-post_225.html
ကိုဗစ်တုန်းကလည်း အစားအစာ အမှား မမှန် လွဲတာတွေ ပြောကြတယ်။ ရောင်းကြတယ်။ ဝယ်ကြတယ်။ စားကြသောက်ခဲ့ကြတယ်။ ကင်ဆာဆိုတိုင်း စားစရာကိုသာ မေးကြ ပြောကြ ရောင်းကြ ဝယ်ကြတယ်။ အစားအသောက်နဲ့ဆိုင်တဲ့ကင်ဆာက နည်းနည်းလေး (တကယ့်နည်းနည်းလေး) သာ ရှိတယ်။ ကင်ဆာဆိုတာ စောစောသိ။ သိတာနဲ့ ဆေး စနစ်တကျကုသ၊ ကုပြီးနောက် ပြန်ပြချိန်မှာ ပြန်ပြကြရတယ်။ ဖြည့်စွက်စာတွေက ရေလိုက်လွဲစေတယ်။ ကိုယ်တသက်လုံးစားလာတာတွေ အနည်းဆုံး ၉၀% စားနိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment