Gulliver's Travels ဂါလီဗာ၏ ခရီးစဉ်များ

ကျောင်းနေဘက် သူငယ်ချင်းက ကွန်မင့် ရေးတယ်။

Gulliver's travels လည်း High school final မှာသင်ခဲ့ရသေးတယ်လေသူငယ်ချင်း တဲ့။

ဟိုက်စကူးဖိုင်နယ်ဆိုတာ ၉ တန်း။ ၁၀ တန်းကို တက္ကသိုလ်ဝင်တန်းလို့ ခေါ်တယ်။ 

အဲဒါကြောင့်လား မသိပါ ကျွန်တော်ဟာ ဂါလီဗာခရီးစဉ်ထဲကလို ဟိုတိုင်းပြည်ရောက်လိုက်၊ ဒီတိုင်းပြည်ရောက်လိုက်ရနဲ့။

လီလီပွတ်တို့တိုင်းပြည်ရောက်တော့ ဂါလီဗာက ဘီလူးကြီးလောက် ကြီးသတဲ့။ နောက်တိုင်းပြည်အဆန်းတခုရောက်ပြန်တော့ သူက ၆ လက်မတဲ့။

ကျွန်တော်နဲ့ ရွယ်တူတိုင်းပြည်ကို ၂၇ နှစ်ခွဲကြာမှ တခေါက် ပြန်ရောက်တော့တယ်။ ၂၀၁၈ ခုနှစ်နွေရာသီမှာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ