The Empty Drum စာအုပ်များ

မူလတန်းမှာ ပြည်သူ့နီတိသင်ကြရ လိမ္မာကြတဲ့။

အလယ်တန်းမှာ ဇာတ်ကြီးဆယ်ဘွဲ့၊ မဟောသဓာနဲ့ မဟာဇနက၊ ပညာနဲ့ ဇွဲလုံ့လရှိကြတဲ့။

အထက်တန်းမှာ အင်္ဂလိပ်စာ ဟိမဝန္တာက အာနာပူရနာ တောင်တက်ခြင်းအကြောင်း၊ မောတယ်ပန်းတယ် သဘောမှာ မထားရတဲ့။ 

ရှိတ်စပီးယား၊ ဗင်းနစ်မြို့က ဂျူးကုန်သည်ကြီး လောဘကြီးသတဲ့။

ကောလိပ်မှာ စိတ်ကြိုက်ဘာသာ သန်ရာသန်ရာ။ တယောက် တဘာသာ။ ကံစီမံရာ။

တတိယအရွယ်မှာ လိမ်မော်ရောင်အဖုံးနဲ့ စာအုပ်တွေ၊ ဂျပ်ထူဖုံးနဲ့ ကျမ်းတွေ။

ကိုးတန်းတုန်းကသင်ရာတာ စုန်းမကြီးက သူ့သားမက်တော်ကို သွန်သင်တယ်။ လုပ်စရာကိုသာ တစိုက်မတ်မတ်လုပ်။ ဘယ်လောက်ပြီးပြီးလဲ လှည့်မကြည့်နဲ့။ ဘယ်လောက်လိုသေး မျှော်မငေးနဲ့တဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ