ဘာလာလာ ဒေါင်းသောဆေးနည်းများ

အမေးတခု = သားအိမ်ကင်ဆာ အဆင့် ( - ) ဘာဆက်လုပ်ရမလည်း ဘာဆေးသောက်ရမလည်း ဘယ်လိုဖြစ်နိုင်ပါသလည်း သိသူများဖြေကြားပေးပါနော်
ကွန်မင့်တခု = ဆေးမင်းရာဇာစားကြည့်ပါလားအပြေားများလို့ အိမ်ကအမတွက် ကျနော်ခုးလာတာပါ
ကျွန်တော်တို့လူမျိုးသည် နာမည်ပေးကောင်း၏။ ခပ်ဆန်းဆန်းလေးပေးသော် လူကြိုက်များ၏။ ရောင်းကောင်း၏။ အထင်ကြီးကြ၏။
ဆေးနည်းဆိုပါမူ တကြိမ်တခါမျှ မကြာဘူးသေးသော၊ ဘယ်မှာရှာရမှန်မသိသော၊ ဘယ်လိုစာလုံးပေါင်းရမှန်းမသိသော ဆေးဆိုသည်များကို အစွမ်းထက်သည်ဟု တထစ်ချ ယုံကြည်ကြလေသည်။
လောက်သေရွက် တဲ့။ (ကန်တော့)
ဆေးအိုးဗုတ် တဲ့။ အိုးဘုတ်၊ အိုးပုပ်လားတော့ မသိ။
အောင်မည်းညို တဲ့။ စာလုံးပေါင်းမှန်က အောက်မဲညို။
လာပြန်ပြီ နောက်တမျိုး - ဆေးမင်းရာဇာ တဲ့။ ခူးလာတယ်ဆိုတော့ အရွက်လား၊ အသီးလား၊ အပွင့်လား မသိ။ အမြစ်တော့ မဖြစ်လောက်။
ဆေးစစ်အာဏာရှင်ဆို ပိုပျောက်ပါမည်။ အသက်အိုးအိမ်စည်းစိမ်။
ကိုဗစ် အသည်းအသန်ဖြစ်နေစဉ်ကလည်း အဲဒါတွေ၊ ကင်ဆာ ကကြီးကနေ အအထိလည်း အဲဒါတွေကို ဆေးနည်းပေးကြသည်။ 
ငှက်သိုက်ကတော့ ပင်တိုင်။ ၉၆ ပါး နှစ်ဆကျော်သည်။
၎င်းတို့မှာ အသီး အပွင့် အရွက်နှင့် ပေါင်းမြက်များသာဖြစ်ပါသည်။ ဘာလာလာ ဒေါင်းသော ဖဲချပ်များဟု ခေါ်သင့်ပေသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ