ပြန်လည်မွေးဖွားခြင်း

ရွယ်တူတန်းသူတွေ တရားသံဝေဂရစရာတွေ ရေးကြတယ်။ တတ်နိုင်သလောက် ကောင်းတဲ့အမှုတွေ ပြုကြတယ်။ တနေကုန် လင်းထိန်ခဲ့တဲ့ နေမင်းကြီးဟာ ကျကျလာပြီ။ နေ့တနေ့တာရဲ့ ကုန်ဆုံးမှုကို ကြိုတင်သိထားကြတယ်။ 

သြကာသလောက်မှာ တနေထွက်လို့ တနေဝင်ဆိုတာ စာရေးလို့ တေးသီလို့တော့ မှန်ပါရဲ့။ နောက်တနေ့ နေထွက်မယ်ဆိုတာ အတော်ကို အလေးအနက်စဉ်းစားရမှာ ဖြစ်တယ်။ အူဝဲကနေ သူငယ်တန်း၊ အထက်တန်း စသည် ပညာတွေယူကြရတယ်။ အလုပ်သင်၊ အလုပ်ဝင်၊ ရာထူးတက်၊ နေရာပြောင်းကြရတယ်။ နေစောင်းပြီ။

တချီတခါ အူဝဲရဦးမှာလား။ ကံအကျိုးပေးအရ အူဝဲမအော်နိုင်တဲ့ ဘဝမျိုးလည်း မရောက်လို့ ဘယ်သူကမှ ကြိုတင်မဟောနိုင်။ ကုန်ဆုံးခြင်းနဲ့ အလားတူစွာ ပြန်လည်ဖြစ်ပေါ်ခြင်းသည်လည်း မဖြစ်စေလိုတော့သော သံဝေဂသာဖြစ်ပါသည်။

ကျွန်တော် ဆရာဝန်ဘဝကနေ နိုင်ငံရေးထဲရောက်တော့ တိုင်းပြည်တွေ ရွှေ့ရတယ်။ နေခဲ့တဲ့နိုင်ငံမှာ တည်ဆောင်မှုတွေ အများကြီးလုပ်ခဲ့ပြီးမှ အဆောက်အအုံကို ဖျက်ထားခဲ့ရတယ်။ တခုပြီး နောက်တခု။ ပြည်ပမှာ တာဝန်ယူခဲ့တဲ့ အစိုးရအဖွဲ့ကို ကိုယ်တိုင်ဖျက်သိမ်းကြစဉ်က အမှတ်တရ ရေးခဲ့ပါတယ်။ ဖျက်သိမ်းရခြင်းသည် တည်ဆောက်ရတာထက် ပိုခက်သလော။

အခုတမျိုး သံဝေဂရတာကတော့ ပြန်လည်မတည်ဆောက်လိုတော့ခြင်းတည်း။ အဲဒီလိုဘ ရစေအောင် သံသရာမှာ ကျင်လည်ရဦးမည်သာ ဖြစ်ပါတော့သည်။

- ဘဝသံသရာ (ရေး မန္တလေး ဦးဘသိန်း၊ ဆို ဦးသုခ) https://www.youtube.com/watch?v=LzUpRHXL5DI

- ဘဝသံသရာ - ဦးသုခ https://soundcloud.com/khinthidakhin/bawa-thanthayar-u-thu-kha

- မာမာအေး သံသရာခရီးသည် https://www.youtube.com/watch?v=-hvklM8w2EM

- ဘဝသံသရာ ဝင်းဝင်းအောင် (မြို့မ) https://www.facebook.com/watch?v=4545012145546118

- ဘဝသံသရာ တေးဆို - ဝင်းဝင်းအောင်း (မြို့မ) https://www.facebook.com/watch?v=4545012145546118

သီချင်းကို မကြားဘူးသူတွေရော၊ မဆိုတတ်သူတွေပါ ရထားကြီးရဲ တွဲတွေတွဲတွေမှာ လိုက်ပါနေကြတယ်။ ကမ္ဘာကြီးက လည်နေလှည့်နေတယ်လို့သင်တာကို လက်မခံဘူးဆိုတဲ့သူတွေ ရှိတယ်။ မယုံလည်း ကမ္ဘာကြီးကတော့ ရပ်မသွားပါ။

ခရီးပန်းတိုင် မရောက်မချင်း တယောက်ဆင်း တယောက်တက် ဆက်လက် ထွက်ခွါလာ -

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း