ထန်းရေ ရောင်းကောင်းနည်းတခု

အင်္ဂလိပ်လိုရေး မေးပါတယ်။ မေးခွန်းဆိုလိုချက်က ထန်းရေသောက်တဲ့အခါ သွေးထဲက အချိုဓါတ် ကျတယ်တဲ့။ ဖြေလိုက်တယ်။ အစက သွေးတိုးကို ပြောတာထင်လို့ သွေးတိုးတိုင်းရင် တခါနဲ့တခါ မတူကြောင်း။ ဆေးသုတေသနအရ ကောက်ချက်ချတယ်ဆိုတာ အလွယ်လေးနဲ့ များတယ်၊ နည်းတယ်၊ ဆိုးတယ် ကောင်းတယ်လို့ မပြောရကြောင့် စသဖြင့်။ ပိုတိကျအောင် ထပ်ဖြည့်ပါမယ်။ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နည်းကို ဥပမာ ပေးမယ်။ အဆင့် ၅ ဆင့်ရှိတယ်။

The 5 Stages of COVID-19 Vaccine Development

1. Preclinical Stage: How will this vaccine work? လူတွေကိုမစမ်းသပ်မီအဆင့်၊ ကာကွယ်ဆေး ဘယ်လိုအလုပ်ဖြစ်စေမလဲ။

2. Phases 1/2a and 2b: Is it safe, and what's the right dose? စိတ်ချရသလားနဲ့ ဆေးအလေးချိန်ပမာဏ ဘယ်လောက်ပေးသင့်သလဲ။

3. Phase 3: How effective is the vaccine? ကာကွယ်ဆေး ထိရောက်မှု ဘယ်လောက်ရှိသလဲ။

4. Phase 4: Regulatory approval and licensure: Is it ready for the world? စည်းမျဉ်းဥပဒေတွေကို လိုက်နာခြင်း။

5. Phase 5: Will it stay safe down the road? ကာကွယ်ဆေးထိုးနေချိန်မှာ စိတ်ချရတာ တကယ်ဟုတ်သလား။

အရပ်ပြောစကားနဲ့ ခပ်လွယ်လွယ် တင်ပြဦးမယ်။ မြန်မာပြည်မှာ လူအများစုကပြောနေကြတဲ့ (ထင်မှတ်မှားနေကြတဲ့) ဘာစားရင် တက်တယ်ဆိုတာတွေရှိတယ်။ တမာရွက်၊ ဆူးပုပ်ရွက်၊ လက်ဖက် စသည်။ အဲဒါတွေက ပြောသလိုဟုတ် မဟုတ်ကို လူဦးရေ ဥပမာ ၁၀၀ ကိုစမ်းမယ်။ ၅၀ ယောက်ကို ပြောတဲ့အစာအစာ ကျွေးမယ်။ ကျန် ၅၀ ကို အစာအတုကျွေးမယ်။ စမ်းသပ်မှုမှာ ပါဝင်ကြတဲ့ ၁၀၀ လုံးဟာ သူတို့ ဘာကို စားရသလဲ မသိစေရ။ မတိုင်မီနဲ့ စားပြီး သွေးဖိအားတိုင်းမယ်။ ကွန်ပလိန့် ခေါ် ဘယ်လို ခံစားကြရသလဲ ရေးမှတ်မယ်။ သုတေသနနည်းနဲ့ စာရင်းဇယားနည်းတွေအရ အချက်အလက်တွေကို ဆန်းစစ်မယ်။ ကောက်ချက်ချမယ်။ % ဘယ်လောက်က ဘယ်လိုနေတယ်။ % ဘယ်လောက်က ဘယ်လို အဖြေထွက်ပါမယ်။ 

ကိုဗစ်ကာကွယ်ဆေးကို တတိယအဆင့်မှာ လူတွေကိုစမ်းတော့ လူဦးရေ အနည်းဆုံး ၃၀၀၀၀ ကိုစမ်းပါတယ်။ မေးခွန်းပါ ထန်းရေကို လူ ၁၀၀ (အမျိုးသား + အမျိုးသမီး) စမ်းပါမယ်။ ထန်းရေမသောက်မီနဲ့ သောက်ပြီး လူ ၁၀၀ ရဲ့ သွေးထဲက သကြားဓါတ်ကိုယ်စီ တိုင်းရမယ်။ ပြောသလိုသာ ဟုတ်ပြီး မြန်မာပြည်က ထန်းရေသည် ဆီးချိုဆေးဖြစ်၏လို့ ထွက်လာရင် ဆေးပညာနိုဘယ်ဆု ကြားဖြတ်ချီးမြှင့်ခြင်းခံရမယ်။ ကွန်ဂရက်ကျူလေးရှင်း။ အဲဒါမှာလည်း ဘယ်ထန်းတောလဲ လာဦးမယ်။ မြန်မာပြည်တပြည်လုံး ထန်းရေသမားတွေဖြစ်ရော။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ