Bone scan အရိုးကို စကန်လုပ်ခြင်း

၁။ အရိုးကင်ဆာ ဖြစ်စေသော အခြေခံ အကြောင်းအရင်း သိခွင့်ရနိုင်မလား ဆရာ ကျမ ခင်ပွန်းက အသက် ၅၉ နှစ်ထဲမှာပါ ရောဂါလက္ခဏာ မသိခဲ့ပေမယ့် မတ်တပ်ကြာကြာရပ်ရင် ခြေထောက်က ကိုက်တယ်လို့ ပြောတတ်တာ လေး ငါးလ ကြာပြီလို့ သတိထားမိပါတယ် ပြီးခဲ့တဲ့လ(December 9)ရက်ညနေ ဘုရားကန်တော့ရာကနေ ခါးပြန်မတ်တဲ့အချိန်မှာ ပေါင်ထိပ်ကဗျစ်ကနဲ့ အသံတချက်မြည်ခဲ့တာ တင်ပါးခွက်လွဲတယ်လို့ ထင်ခဲ့ရာက လမ်းလျှောက်ရင် နာလိုက် မနာလိုက်ဖြစ်တယ် ဆရာဝန်ပြတော့ ဆေးထိုးပေးခဲ့ စားဆေး ၅ ရက်စာပေးတာ သက်သာပေမယ့် ဆေးကုန်တဲ့အချိန်ပြန်နာလို့ ထပ်ပြပါတယ် နောက်တကြိမ် ဆေးထိုး စားဆေး ၅ ရက်စာပေးတော့လဲ သက်သာပါတယ် ပထမအကြိမ်လိုဘဲ ဆေးကုန်ရင်ပြန်ဖြစ်ပါတယ် January 8 ရက်မှာ အရိုးအကြာအထူးကု ဆရာဝန် ပြဖြစ်ပါတယ် ဓာတ်မှန် ၂ကြိမ်ရိုက်ပြီး စိတ်ထဲတော့ သိပ် မကြိုက်ဘူးလို့ပြောပါတယ် အခုရိုက်တဲ့ဓာတ်မှန်မှာ သေချာမသိနိုင်လို့ သံလိုက်ဓာတ်မှန်ရိုက်မှ သိနိုင်မည် လောလောဆယ် ဆေးတလုံးထိုးပေးလိုက်မယ် စားဆေး တလစာ ပေးလိုက်ပါတယ် ပထမဆယ်ရက်စာ တအုပ်စုနဲ့ နောက်ထပ် ရက်၂၀ ဆက်သောက်ရမည့်ဆေး စုစုပေါင်း တလစာဆေး စားပြီးလို့ မသက်သာရင် မန္တလေးကို သံလိုက်ဓာတ်မှန်ရိုက်ဘို့လွှတ်မယ်လို့ပြောလိုက်ပါတယ် ဆေး သောက်တာ ၁၂ရက်ကြာတဲ့နောက် ညတွေပါ ကိုက်လာလို့ တလစာ မကုန်ပေမယ့် ဆရာဝန်ကိုသွားပြန်ပြောရပါတယ် မန္တလေးကို သံလိုက်ဓာတ်မှန်ရိုက်ဘို့လွှတ်ပါတယ် ၂၃ ရက်နေ့ ရိုက်တာ ၂၅ရက် မှာရလို့ ဆရာဝန်ပြတော့ ကင်ဆာ လို့ သိရပါတယ် ဒါ့ကြောင့် ဆရာပြောနိုင်မယ်ဆိုရင် စတင်ဖြစ်စေတဲ့ အကြောင်းအရင်း တွေကို သိခွင့်ရချင်လို့ ဆရာ အချိန်ရတဲ့အခါ ပြောနိုင်ရင်ပြောပေးပါရှင် ကျမတို့က အခုနေထိုင်တာက မုံရွာမြို့မှာပါရှင့်
၂။ ရင်သားကင်ဆာ ကုသပီး(ပြီး)တာ ၇ နှစ်ရှိပါပီ(ပါပြီ) ၅ နှစ်ဆေးလည်းသောက်ပီးပါပီ(ပြီးပါပြီ) ဓာတ်လည်းကင်ခဲ့ပါတယ် ခုကျောတွေအောင့်ပြီး ခါးပါနာနေလို့ပါ အရိုးထိနိုင်လားဖြေပေးကြပါနော်
ဆရာဝန်ကိုမေးတာဆိုရင်တော့ မဖြေတတ်ပါ။ ကင်ဆာကနေ တခြားနေရာတွေဆီ ပြန့် မပြန့် စကန် ရိုက်စစ်မှသာ သိနိုင်တယ်။ ခါးနာတယ်ဆိုတာ ကင်ဆာမရှိသူတွေမှာလည်း ဖြစ်တတ်တယ်။
Bone scan အရိုးကို စကန်လုပ်ခြင်း
1. Fractures အရိုးကျိုးခြင်း၊
2. Arthritis အဆစ်ရောင်ခြင်း၊
3. Paget's disease of bone အရောဂါတမျိုး၊
4. Cancer originating in bone အရိုးမှစတဲ့ ကင်ဆာ၊
5. Cancer that has metastasized to bone from a different site တခြားနေရာကနေ အရိုးကိုပြန့်တဲ့ ကင်ဆာ၊
6. Infection of the joints, joint replacements or bones ပိုးဝင်ခြင်းတွေအတွက် စစ်ဆေးတယ်။
၃။ ဆရာရှင့် အရိုးကင်ဆာအ​ကြောင်း သိလိုပါတယ်ရှင့် အရိုးကင်ဆာရှိမရှိဘယ်လိုစစ်နိုင်လဲရှင့်ပိုက်ဆံသိပ်မတက်(တတ်)နိုင်လို့ပါ
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။
လူနာကို ဆရာဝန်က မေးမြန်း စမ်းသပ်မယ်။ လိုအပ်သူကို ဓါတ်မှန်ရိုက်ခိုင်းမယ်။
သံသယရှိစရာတွေရင် အရိုးအထူးကုဆရာဝန်ဆီ လွှဲပေးမယ်။
လိုအပ်သူကို Biopsy ခေါ် အရိုးစ ထုတ်ယူ စစ်ဆေးမယ်။ core needle biopsy နည်းနဲ့မရသေးရင် open biopsy နည်းနဲ့လုပ်မယ်။ မေ့ဆေးနဲ့လုပ်တယ်။
Bone metastasis အရိုးကိုပြန့်လာသည့်ကင်ဆာ https://dr-tint-swe.blogspot.com/2023/09/bone-metastasis.html
Bone cancer အရိုးကင်ဆာ https://dr-tint-swe.blogspot.com/2021/07/bone-cancer.html
Bone marrow cancer ရိုးတွင်းခြင်းဆီကင်ဆာ https://dr-tint-swe.blogspot.com/2023/08/bone-marrow-cancer.html
Giant-cell tumor of the bone (GCTOB) ကင်ဆာနဲ့တူတဲ့ အရိုး (ကျူးမား) https://dr-tint-swe.blogspot.com/2021/07/giant-cell-tumor-of-bone-gctob.html
Ewing sarcoma ဆာကိုမား တမျိုး https://dr-tint-swe.blogspot.com/2022/05/ewing-sarcoma.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ